AD
AD
AD

ဘုန်းမောက်အသင်းနဲ့ပွဲစဉ်မှာ လီဗာပူးလ်အတွက် ခေါင်းတိုက်ဂိုးတစ်ဂိုး သွင်းယူပေးနိုင်ပြီးတဲ့နောက်မှာတော့ မိုဟာမက်ဆာလာဟာ စံချိန်မှတ်တမ်းများစွာကို ထပ်မံပြီး ချိုးဖျက်နိုင်ခဲ့ပါတယ်။ ၂၀၁၇-၁၈ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ ဆာလာဟာ သွင်းဂိုးအများအပြား သွင်းယူခဲ့သလို စံချိန်အများအပြားကိုလည်း လိုက်မီ၊ကျော်လွန်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဆာလာရဲ့ ဒီနှစ် ပရီးမီးယားလိဂ်သွင်းဂိုးဟာ (၃၀) ဂိုးအထိ ရှိလာပြီလည်း ဖြစ်ပါတယ်။

play

 

မနေ့ညက ပွဲမှာ သွင်းယူခဲ့တဲ့သွင်းဂိုးဟာ ဆာလာအတွက် ပြိုင်ပွဲစုံ ဂိုးပေါင်း (၄၀) ပြည့်မြောက်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အာဖရိကကစားသမားတွေထဲမှာ ပထမဆုံးကစားသမားအဖြစ်နဲ့ ပရီးမီးယားလိဂ်မှာ ဂိုးပေါင်း (၃၀) အထိ သွင်းယူနိုင်ခဲ့တဲ့ စံချိန်ကိုလည်း ဆာလာက ရရှိခဲ့ပါတယ်။ ဒါဟာ ၂၀၀၉-၁၀ ဘောလုံးရာသီမှာ ဒီဒီယာဒရော့ဘာ သွင်းယူခဲ့တဲ့ (၂၉) ဂိုးစံချိန်ကို (၁)ဂိုးအသာနဲ့ ရိုက်ချိုးခဲ့တာလည်း ဖြစ်ပါတယ်။

play

 

လီဗာပူးလ်ရဲ့ " အီဂျစ်ဘုရင် " လို့ နာမည်ပြောင်ရလာခဲ့တဲ့ ဆာလာဟာ ကလပ်အသင်းသမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ပြိုင်ပွဲစုံ ဂိုး (၄၀) သွင်းယူခဲ့တဲ့ တတိယမြောက်ကစားသမားဖြစ်လာခဲ့ပြီး ရော်ဂျာဟန့် နဲ့ အီရန်ရှက်တို့လို ဂန္ထ၀င်ကစားသမားကြီးတွေကို အမီလိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ဆာလာရဲ့ စံချိန်တွေဟာ ဒီလောက်နဲ့ ရပ်တန့်မနေခဲ့ပဲ ဒီနှစ်ဘောလုံးရာသီမှာ ဥရောပရဲ့ ထိပ်တန်းလိဂ် (၅) ခုမှာ ဂိုးပေါင်း (၃၀) သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။

play

 

ပြီးခဲ့တဲ့ ရက်တွေအတွင်းကပဲ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းယူထားတဲ့ (၃၁) ဂိုး စံချိန်ကို ရိုက်ချိုးပစ်မယ်လို့ ကြုံးဝါးခဲ့တဲ့ ဆာလာအတွက်တော့ အလန်ရှီးယား နဲ့ ခရစ္စတီယာနိုရော်နယ်ဒိုတို့ကို လိုက်မီဖို့ တစ်ဂိုးသာ လိုအပ်တော့တာ ဖြစ်ပြီး စံချိန်သစ်တင်နိုင်ဖို့အတွက်ဆိုရင်တော့ (၂) ဂိုး သွင်းယူဖို့ လိုအပ်တော့တာပဲ ဖြစ်ပါတယ်။

play

 

ရိုးမားအသင်းက ပြောင်းရွှေ့လာခဲ့ပြီးနောက် ပရီးမီးယားလိဂ်ကို ပြန်လည်ခြေချလာခဲ့တဲ့ ဆာလာရဲ့ အန်ဖီးလ်ကစားသမားဘ၀ နေ့စွဲတွေဟာ လှပမှုတွေနဲ့ပဲ ပြည့်နှက်နေခဲ့ပြီး လီဗာပူးလ်ကစားသမားဘ၀ ပထမဆုံးရာသီမှာပဲ အသင်းသမိုင်းမှာရော၊ ပရီးမီးယားလိဂ်သမိုင်းမှပါ စံချိန်သစ်တွေ ရရှိနေခဲ့တာ ဖြစ်ပါတယ်။

play

 

ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေးနဲ့ မလိုက်ဖက်အောင်ပဲ ဆာလာဟာ ခြေစွမ်းပြနေခဲ့ပြီး လီဗာပူးလ်အသင်းကိုလည်း ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆု၊ ဥရောပရွှေဖိနပ်ဆုအတွက်လည်း ဆာလာဟာ ထိပ်ဆုံးကနေ ရေပန်းစားနေခဲ့ပြီး ပရီးမီးယားလိဂ်တစ်နှစ်တာ အကောင်းဆုံးကစားသမားဆု ရရှိဖို့လည်း တစ်ပြေးနေခဲ့ပြီ ဖြစ်ပါတယ်။

play

 

အီဂျစ်ဘုရင် (သို့) မိုဟာမက်ဆာလာရဲ့ တောက်ပမှုတွေကတော့ ပိုပိုပြီး လင်းလက်ခဲ့တာ ဖြစ်သလို ဘယ်အချိန်ထိ အမြင့်ဆုံးမှာ ဆက်လက်ပျံသန်းနေဦးမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းလာခဲ့ပါတယ်။

ှSource : DailyMail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD