AD
AD
AD

ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား အီဒင်ဟာဇက်ဟာ မနေ့က ကစားခဲ့တဲ့ ဆောက်သမ်တန်နဲ့ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး (၁) ဂိုး ရယူပေးနိုင်ခဲ့ပါတယ်။ ဟာဇက်ရဲ့ သွင်းဂိုးဟာ သူ့ရဲ့ ချယ်လ်ဆီးကစားသမား (၆၉) ဂိုး မြောက် သွင်းဂိုးဖြစ်ပြီး ချယ်လ်ဆီးရဲ့ ထာဝရဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ တတိယနေရာအထိ ရောက်ရှိလာခဲ့တယ်လို့လည်း သိရပါတယ်။

play

 

ဆောက်သမ်တန်အသင်းကို (၂) ဂိုးပြတ် ရှုံးနိမ့်နေရာကနေ ချယ်လ်ဆီးဟာ (၃) ဂိုးပြန်လည်သွင်းယူပြီး အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဟာဇက်က အသင်းအတွက် ဒုတိယမြောက်ချေပဂိုးကို သွင်းယူပေးခဲ့တာလည်း ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမား စာရင်းမှာ ထိပ်ဆုံးက ရှိနေသူကတော့ ဖရန့်လမ်းပတ်ဖြစ်ပြီး စုစုပေါင်း (၁၄၇) ဂိုးအထိ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

play

 

ဒုတိယနေရာမှာတော့ တိုက်စစ်မှူး ဒရော့ဘာက (၁၀၄) ဂိုးနဲ့ ရပ်တည်နေပြီး ဟာဇက်က (၆၉) ဂိုးနဲ့ တတိယနေရာကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့ပြီးနောက် ဟာဇက်ဟာ အသင်းအတွက် ပရီးမီးယားလိဂ်ပွဲပေါင်း (၂၀၃) ပွဲအထိ ကစားပေးထားခဲ့ပြီး အမှတ်ပေးဖလား (၂) ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

play

 

ပြီးခဲ့တဲ့ဘောလုံးရာသီကတော့ ဟာဇက်ဟာ ချယ်လ်ဆီးအတွက် (၁၆)ဂိုး သွင်းယူပေးခဲ့ပြီး ချယ်လ်ဆီးအသင်းမှာ (၆)နှစ်ကြာ ကစားခဲ့စဉ်အတွင်း ဂိုးအများဆုံးသွင်းနိုင်ခဲ့တဲ့ ဘောလုံးရာသီလည်း ဖြစ်ခဲ့ပါတယ်။ လက်ရှိ ဘောလုံးရာသီမှာတော့ ဟာဇက်ဟာ (၁၂) ဂိုးသွင်းယူပေးထားပြီး လက်ကျန် ပွဲစဉ် (၅) ပွဲ ကျန်ရှိသေးတာကြောင့် ပြီးခဲ့တဲ့ ရာသီက ဂိုးအရည်အတွက်ကို လိုက်မှီနိုင်ဖွယ်ရာလည်း ရှိနေတာဖြစ်ပါတယ်။

play

 

ဒီနှစ်ဘောလုံးရာသီမှာတော့ ချယ်လ်ဆီးအသင်းဟာ ခက်ခဲစွာရုန်းကန်နေခဲ့ရပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက်တောင် မသေချာတဲ့ အနေအထားမှာ ရှိနေခဲ့ပါတယ်။ ဟာဇက်ကို ခေါ်ယူဖို့အတွက် ရီးရဲလ်မက်ဒရစ် နဲ့ မန်စီးတီးတို့က စိတ်ဝင်စားနေပြီး ဟာဇက် ကိုယ်တိုင်ကလည်း အသင်းက ထွက်ခွာချင်နေတယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။

Source : 90min

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD