AD
AD
AD

အီတီဟတ်မှာ အံ့အားသင့်ဖွယ်အနိုင်ယူခဲ့ပြီး  မန်စီးတီးကို ချန်ပီယံဖြစ်ခွင့်မပေးခဲ့တဲ့ မန်ယူအသင်းဟာ အိမ်ကွင်းမှာတော့ ၀က်ဘရွန်းအသင်းကို ရှုံးနိမ့်ခဲ့ပြီး မြို့ခံပြိုင်ဘက်ကို ချန်ပီယံစောစီးစွာ ဖြစ်ခွင့်ပေးလိုက်ရပါတယ်။ ဒီနေ့ပွဲမှာ မန်ယူအသင်းရဲ့ ကစားပုံဟာ ထင်သလောက် ကောင်းမွန်ခဲ့ခြင်းမရှိခဲ့ပဲ ဘောလုံးပိုင်ဆိုင်မှုအသာစီးရရုံကလွဲပြီး အဖက်ဖက်မှာ အားနည်းမှုတွေ ရှိနေခဲ့ပါတယ်။

play

 

ဝက်ဘရွန်းအသင်းကတော့ မျှော်လင့်ချက်အလွန်တရာနည်းပါးလွန်းတဲ့ အခြေအနေမှာတောင် ခြေကုန်ထုတ်ကစားသွားခဲ့ပြီး အဝေးကွင်းမှာ မန်ယူအသင်းကို အံတုကစားခဲ့ပါတယ်။ ဂိုးကန်သွင်းခွင့်မှာလည်း ၀က်ဘရွန်းအသင်းက အသာစီးရရှိခဲ့ပြီးတော့ ရရှိလာတဲ့အခွင့်အရေးကို အပိုင်အသုံးချနိုင်တာကြောင့်လည်း နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။

play

 

ပွဲချိန် (၇၃) မိနစ်မှာ ရရှိလာခဲ့တ ထောင့်ကန်ဘောမှတဆင့် တိုက်စစ်မှူး ဂျေရိုဒရီဂွက်ဇ်က ခေါင်းတိုက်သွင်းယူသွားခဲ့တာ ဖြစ်ပြီး လက်ကျန်မိနစ်တွေမှာ မန်ယူက ချေပဂိုးရဖို့ အားထုတ်ခဲ့ပေမယ့် လိုအပ်နေတဲ့ သွင်းဂိုးကို မရရှိခဲ့ပဲ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ရပါတယ်။ မန်ယူကတော့ အိမ်ကွင်းမှာ လူစုံတက်စုံနဲ့ ပွဲထွက်လာခဲ့ပြီး အနိုင်ရဖို့ ပြင်ဆင်ခဲ့ပေမယ့် ၀က်ဘရွန်းရဲ့ မာကျောတဲ့ ကစားပုံကြောင့် အခက်တွေ့ခဲ့ရပါတယ်။

play

 

လူကာကူရဲ့ အပိုင်ခေါင်းတိုက်ချက်ကို ဖော်စတာ ကာကွယ်နိုင်ခဲ့သလို ၀က်ဘရွန်းအသင်းမှ ကန်သွင်းမှုတွေကို ဒီဂီယာက ထုံးစံအတိုင်း ကာကွယ်နိုင်ခဲ့တာမို့ သွင်းဂိုးအများအပြားကို မြင်တွေ့ခဲ့ရခြင်းမရှိခဲ့ပဲ ရိုဒရီဂွက်ဇ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ပဲ ပွဲပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။ အိုးထရက်ဖို့ဒ်မှာ အရေးနိမ့်ခဲ့တာဟာ မန်စီးတီးအသင်းကို တစ်ပတ်စောပြီး ချန်ပီယံဖြစ်ခွင့် ပေးလိုက်ရတာဖြစ်သလို မန်ယူအတွက်လည်း အဆင့် (၂) နေရာအတွက် လီဗာပူးလ်ရဲ့ ဖိအားပေးမှုကို ခံရတော့မှာ ဖြစ်ပါတယ်။

play

 

လီဗာပူးလ်ထက် တစ်ပွဲလျော့ကစားထားပြီး တစ်မှတ်အသာရရှိထားပေမယ့် လက်ရှိခြေစွမ်းပိုင်းအရဆိုရင်တော့ မန်ယူအနေနဲ့ အဆင့်(၂)နေရာက အချိန်မရွေးဖယ်ပေးရဖို့ ရှိနေပြီး မော်ရင်ဟိုရဲ့ အဆင့်(၂)အတွက် တိုက်ပွဲဝင်မှုဟာ ခက်ခဲမှုတွေနဲ့ ရင်ဆိုင်ရတော့မှာလည်း ဖြစ်ပါတယ်။ ၀က်ဘရွန်းကတော့ အနိုင်(၃)မှတ် ရရှိခဲ့ပေမယ့် အမှတ်ပေးဇယား ရပ်တည်မှုမှာ ပြောင်းလဲမှုမရှိခဲ့ပဲ အဆင့် (၂၀)မှာ ဆက်လက်ရပ်တည်နေဆဲ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD