AD
AD
AD

မန်ယူအသင်းရဲ့ ရှုံးနိမ့်မှုကြောင့် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရာသီမကုန်ခင်မှာပင် မန်စီးတီးအသင်းက ရရှိခဲ့ပြီ ဖြစ်ပါတယ်။

play

 

၎င်း ချန်ပီယံ ဖြစ်ခဲ့တဲ့အတွက် အခြားသော ကလပ်အသင်းများဖြစ်တဲ့ လီဗာပူးနဲ့ စပါးအသင်းတို့လည်း အကျိုးအမြတ် ဖြစ်ထွန်းခဲ့ကြတယ်လို့ သိရပါတယ်။

အကြောင်းကတော့ မန်စီးတီးအသင်းဟာ ယခုနှစ်အတွင်း လီဗာပူးမှ စတားလင်းနဲ့ စပါးမှ ဝေါ်လ်ကာတို့ကို ခေါ်ယူစာချုပ်ချုပ်ဆိုထားရာမှာ စာ ချုပ်ပါ အချက်အလက်အချို့ကြောင့်လည်း ဖြစ်ပါတယ်။

play

 

အဆိုပါ အချက်များအရ စပါးအသင်းနဲ့ မန်စီးတီးအသင်းတို့ ဟာ မန်စီးတီးအသင်း ချန်ပီယံ ဖြစ်ခဲ့ပါက ဝေါ်လ်ကာကို ခေါ်ယူထားတဲ့ စာချုပ် အရ နောက်ထပ် အပိုကြေးအဖြစ် ပေါင် ၁.၅ သန်း ထပ်မံပေးဆောင်ရမှာလည်း ဖြစ်ပါတယ်။

စတားလင်းမှာလည်း လီဗာပူးကနေ ထွက်ခွာလာခဲ့တဲ့ ၃ ရာသီအတွင်း ပထမဆုံး ပရီးမီးယားလိဂ် ဆုဖလားကို ရရှိခဲ့တာ ဖြစ်ပြီး ၎င်းအတွက် လည်း လီဗာပူးက ပေါင် ၁ သန်း ထပ်မံ ရရှိမှာ ဖြစ်ပါတယ်။

၎င်းတို့နှစ်ဦးအပြင် အခြား ကစားသမားတစ်ဦးဖြစ်တဲ့ ရှော်လ်ကေး ကစားသမားဟောင်း ဆာနေးအတွက်လည်း မန်စီးတီးအသင်းဟာ အပိုကြေး အဖြစ် ပေါင် ၄၃၂၀၀၀၀န်းကျင် ထပ်မံ ပေးရအုံးမယ်လို့ သိရှိရပြန်ပါတယ်။

မန်စီးတီးအသင်း အခုလို ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့အတွက် ကစားသမားတွေကို ဆုကြေးအဖြစ် ပေါင် ၁၀ သန်း ပေးသွားမယ်လို့ သိရ ပြီး အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ဒီဘရိုင်းမှာ အပိုဆုကြေး ပေါင် ၅ သိန်း အထိ တစ်ဦးတည်းရရှိမယ်လို့လည်း သိရပါတယ်။

နည်းပြ ဂွါဒီယိုလာကိုလည်းအသင်းက ၂၀၂၀ အထိ သက်တမ်းတိုး ချုပ်ဆိုဖို့ ကမ်းလှမ်းထားတဲ့အပြင် လာမယ့်နှစ် လူဝယ်နိုင်ဖို့အတွက်လည်း ပေါင် သန်း ၂၀၀ အထိ ထုတ်သုံးစွဲပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD