AD
AD
AD

ဘုန်းမောက်အသင်းကို ၀-၂ ဂိုးနဲ့ အနိုင်ရရှိအပြီးမှာတော့ မန်ယူအသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့် (၂)နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပြီး တတိယနေရာက လီဗာပူးလ်အသင်းကို (၄)မှတ်အထိ အသာရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဘုန်းမောက်အသင်းကို အနိုင်ရရှိတဲ့ပွဲမှာတော့ စမောလင်းနဲ့ လူကာကူတို့က အနိုင်ဂိုးတွေကို သွင်းယူပေးခဲ့ပြီးတော့ လီဗာပူးလ်ကို လေးမှတ်ဖြတ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ဘုန်းမောက်ကတော့ ၃၈ မှတ်နဲ့ အဆင့်(၁၁)နေရာမှာ ရှိနေခဲ့ပြီး လက်ကျန်ပွဲတွေမှာ တန်းမဆင်းရဖို့အတွက် စိတ်ချရအောင် ရုန်းကန်ရဦးမှာလည်း ဖြစ်ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ ဘုန်းမောက်နဲ့မန်ယူတို့ရဲ့ ပွဲစဉ်မှာတော့ ထူးခြားတဲ့ အဖြစ်အပျက်လေးတွေ ရှိနေခဲ့ပြီး ဘာတွေလဲဆိုတာကို Duwun Sports ပရိသတ်ကြီးတို့ သိရှိစေနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

 

၁။ အသင်းခေါင်းဆောင် ဒီဂီယာ

play

 

ဘုန်းမောက်အသင်းနဲ့ပွဲစဉ်မှာတော့ မန်ယူဂိုးသမား ဒီဂီယာဟာ သူ့ရဲ့ မန်ယူကစားသမားဘ၀မှာ ပထမဆုံးအကြိမ်အဖြစ် အသင်းခေါင်းဆောင် အနေနဲ့ ပွဲထွက်ခွင့် ရခဲ့ပါတယ်။ စပိန်လက်ရွေးစင် ဂိုးသမားဟာ မန်ယူအတွက် ထူးထူးခြားခြား လက်စွမ်းပြနေသူ ဖြစ်ပြီးတော့ PFA အကောင်းဆုံးအသင်းမှာလည်း ပါဝင်နိုင်ခဲ့သူ ဖြစ်ပါတယ်။  ဒီရာသီ ပရီးမီးယားလိဂ်မှာ စုစုပေါင်း (၁၇)ပွဲအထိ ပေးဂိုးမရှိအောင် စွမ်းဆောင်ထားနိုင်ပြီးတော့ အနီးကပ်ဆုံးရပ်တည်နေတဲ့ မန်စီးတီးဂိုးသမား အီဒါဆန်ထက် (၃)ပွဲ အသာစီးရရှိခဲ့ပြီး ရွှေလက်အိတ်ဆုကို ရရှိဖို့ ပိုမိုနီးစပ်လာပြီလည်းဖြစ်ပါတယ်။ ဒီဂီယာအနေနဲ့ ပြိုင်ပွဲစုံမှာ (၂၁)ပွဲအထိ ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့တာမို့ သူ့ရဲ့ မန်ယူကစားသမားဘ၀ အကောင်းဆုံး ဘောလုံးရာသီအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

 

၂။ စမောလင်းရဲ့ သွင်းဂိုးများနဲ့ ဆန်းချက်ဇ်ရဲ့ ဂိုးမိုးခေါင်ခြင်းများ

play

 

အလက်ဆစ်ဆန်းချက်ဇ်ကတော့ ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်လာခြင်း မရှိတာကို တွေ့ရပါတယ်။ စနေနေ့မှာ ကစားရမယ့် အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲအတွက် မော်ရင်ဟိုက အနားပေးခဲ့ဖွယ်လည်း ရှိနေတာဖြစ်ပါတယ်။ စမောလင်းကတော့ အသင်းအတွက် ဦးဆောင်ဂိုးတစ်ဂိုးကို သွင်းယူပေးပြီးတော့ သူ့ရဲ့ ဂိုးသွင်းခြေစွမ်းကို ထပ်မံပြသနေခဲ့ပါတယ်။ ဂျက်ဆီလင်ဂတ်ရဲ့ ဧရိယာအတွင်းက ပေးပို့မှုကို စမောလင်းက အပိုင်ပိတ်သွင်းယူခဲ့ပြီးတော့ ဒီရာသီမှာ သူ့အတွက် တတိယမြောက်သွင်းဂိုး ဖြစ်လာခဲ့ပြီးတော့ ဆန်းချက်ဇ်ရဲ့ မန်ယူ ကစားသမားဘ၀ သွင်းဂိုးထက် (၁) ဂိုးအသာရခဲ့တာလည်း ဖြစ်ပါတယ်။ စမောလင်းရဲ့ သွင်းဂိုး (၃) ဂိုးစလုံးဟာ ဆန်းချက်ဇ်အသင်းကို ရောက်ရှိလာပြီးမှ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အဝေးကွင်းပွဲစဉ်တွေမှာပဲ သွင်းယူခဲ့တာဖြစ်ပါတယ်။ ပဲလေ့စ်၊ မန်စီးတီးနဲ့ ဘုန်းမောက် အသင်းတို့ရဲ့ အိမ်ကွင်းမှာ စမောလင်းက ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

 

၃။ ဂျက်ဆီလင်ဂတ်ရဲ့ တောက်ပလာမှု

play

 

လင်ဂတ်ရဲ့ ဒီနှစ်ဘောလုံးရာသီ သွင်းဂိုးနဲ့ ဂိုးဖန်တီးပေးနိုင်မှုတွေဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ (၃) ရာသီမှာ သူ ပြုလုပ်နိုင်ခဲ့တာ စုစုပေါင်းထက် ပိုမိုသာလွန်လာခဲ့ပါတယ်။ ဘုန်းမောက်နဲ့ပွဲစဉ်မှာလည်း စမောလင်းရဲ့ သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့ပြီး သူ့အတွက် ဒီရာသီမှာ (၆)ကြိမ်မြောက် ဖန်တီးပေးနိုင်တာ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် စုစုပေါင်း သွင်းဂိုး (၁၉) ဂိုးမှာ ပါဝင်ပတ်သက်မှုရှိခဲ့တာဖြစ်ပြီးတော့ ကိုယ်တိုင် (၁၃) ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒါဟာ ၂၀၁၄-၁၅ ဘောလုံးရာသီက စပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီအထိ (၃)ရာသီပေါင်းထက် တစ်ဂိုးအထိ ပိုမိုသာလွန်ခဲ့တဲ့ အရေအတွက်လည်း ဖြစ်ပါတယ်။ ဒါဟာ လင်ဂတ်အတွက်တော့ ကစားသမားဘ၀ နောက်တဆင့်ကို တိုးတက်လာမှုလို့ ပြောလို့လည်း ရပါတယ်။

 

၎။ နည်းပြထိုင်ခုံတန်းက မိုက်ကယ်ကာရစ်

play

 

ရာသီကုန်မှာ အနားယူတော့မှာလို့ တရားဝင်ကြေငြာခဲ့တဲ့ မိုက်ကယ်ကာရစ်ကိုတော့ ဘုန်းမောက်နဲ့ပွဲစဉ်မှာ နည်းပြထိုင်ခုံတန်းမှာ ထိုင်နေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါဟာ ကစားသမားဘ၀က အနားယူပြီးတော့ နည်းပြအဖွဲ့ဝင်အဖြစ် ဆောင်ရွက်မယ့် ကာရစ်ရဲ့ ကနဦးခြေလှမ်းတွေလည်း ဖြစ်ပါတယ်။ မော်ရင်ဟိုရဲ့ နည်းပြအဖွဲ့ဝင်တစ်ယောက်အဖြစ် ကာရစ်ကို နည်းပြထိုင်ခုံတန်းမှာ နောက်ထပ် တစ်ကြိမ် မြင်တွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။ ပေါ့ဂ်ဘာနဲ့မော်ရင်ဟိုတို့ရဲ့ ဆက်ဆံရေးအဖုအထစ်တွေ၊ ပြသနာတွေကြားထဲမှာ ကာရစ်ဟာ ၀င်ရောက်ဖျန်ဖြေမှုတွေ ပြုလုပ်ခဲ့သလို မန်စီးတီးနဲ့ပွဲစဉ်က ပေါ့ဂ်ဘာရဲ့ ခြေစွမ်းအပေါ်ကိုလည်း ချီးကျူးခဲ့သူဖြစ်ပါတယ်။ အသင်းသားတွေ အပေါ်မှာ သြဇာညောင်းပြီး လွှမ်းမိုးနိုင်သူလည်းဖြစ်ပါတယ်။ မန်ယူအသင်းရဲ့ လက်ရှိလူစာရင်းမှာ စီနီယာအကျဆုံး ကစားသမားကြီးကို လာမယ့်ရာသီမှာတော့ နည်းပြအဖွဲ့ဝင်အဖြစ် အမြဲတမ်းတွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။

 

၅။ လူကာကူရဲ့ အကောင်းဆုံးဘောလုံးရာသီ

play

 

မန်ယူအတွက် ပြိုင်ပွဲစုံသွင်းဂိုး (၂၇) ဂိုး သွင်းယူပြီးနောက်မှာတော့ လူကာကူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အဲဗာတန်အတွက် (၂၆) ဂိုးသွင်းယူပေးခဲ့တာထက် ပိုမိုသာလွန်တဲ့ စွမ်းဆောင်ရည်ကို ဒီရာသီမှာ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်သွင်းဂိုး (၁၆) ဂိုး၊ အက်ဖ်အေလားနဲ့ ချန်ပီယိံဂ်မှာ (၅)ဂိုးစီ နဲ့ ဥရောပစူပါဖလားမှာ တစ်ဂိုး သွင်းယူပေးခဲ့ပြီး လူကာကူဟာ စုစုပေါင်း (၂၇) ဂိုးအထိ ရရှိခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းအတွက် ပထမဆုံးရာသီမှာပဲ လူကာကူဟာ သွင်းဂိုး (၃၀) ပြည့်အောင် သွင်းယူပေးနိုင်မလားဆိုတဲ့ မျှော်လင့်ချက်ကတော့ လက်ကျန်ပွဲတွေမှာ စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။ လူကာကူရဲ့ ပရီးမီးယားလိဂ်ကစားသမားဘ၀ အကောင်းဆုံးဘောလုံးရာသီကိုတော့ ဘုန်းမောက်နဲ့ပွဲမှာ သွင်းဂိုးတစ်ဂိုး သွင်းယူပြီး ပိုင်ဆိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

Source : DailyMail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD