AD
AD
AD

မန်ယူနည်းပြမော်ရင်ဟိုနဲ့ ပေါလ်ပေါ့ဂ်ဘာတို့ရဲ့ကြားမှာ ဆက်ဆံရေးအဖုအထစ်တွေ ရှိနေတယ်ဆိုတာကို ဘုန်းမောက်အသင်းနဲ့ပွဲစဉ်မှာ ထပ်မံတွေ့ရှိခဲ့ရပါတယ်။ ဘုန်းမောက်နဲ့ပွဲစဉ်မှာ ပွဲထွက်ခွင့်ရခဲ့တဲ့ ပေါ့ဂ်ဘာဟာ အသင်းအတွက်ခြေစွမ်းပြကစားနိုင်ခဲ့ပြီးတော့ ပွဲချိန် မိနစ် (၈၀)မှာတော့ လူစားလဲလှယ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

play

 

ပေါ့ဂ်ဘာကို လူစားလဲလှယ်ချိန်မှာတော့ ကွင်းအပြင်ကို ထွက်လာခဲ့တဲ့ ပေါ့ဂ်ဘာဟာ မန်ယူအသင်းရဲ့နည်းပြခုံတန်းက မိုက်ကယ်ကာရစ်နဲ့ အခြားနည်းပြတစ်ဦးကို လက်ဆွဲနှုတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပေမယ့် မော်ရင်ဟိုနဲ့ နှုတ်ဆက်ခြင်းမရှိတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ မော်ရင်ဟိုကတော့ ပေါ့ဂ်ဘာကို သူ့ရဲ့ နောက်က အရံခုံတန်းမှာ ၀င်ထိုင်ဖို့အတွက် လက်ဟန်ပြပြီးတော့ ညွှန်ကြားခဲ့ပါတယ်။

play

 

ဒါပေမယ့်လည်း ပေါ့ဂ်ဘာဟာ အသင်းရဲ့ အရံခုံတန်းမှာ ၀င်ရောက်ထိုင်ခဲ့ခြင်းမရှိပဲနဲ့ အ၀တ်လဲခန်းအတွင်းကို သွားရောက်ဖို့ ဥမင်အတွင်းသို့ ၀င်သွားခဲ့ပါတယ်။ မော်ရင်ဟိုကတော့ ပေါ့ဂ်ဘာကို အလျင်အမြန် ပြန်လည်ခေါ်ခိုင်းခဲ့ပြီးတော့ သူ့ရဲ့နောက်မှာပဲ ထိုင်စေခဲ့တာကိုလည်း ရုပ်သံပြကွက်များအရ ပြန်လည်တွေ့မြင်ခဲ့ရပါတယ်။ ပေါ့ဂ်ဘာအနေနဲ့ မော်ရင်ဟိုရဲ့ ပြန်လည်ခေါ်ခိုင်းမှုအပေါ်မှာ စိတ်ပျက်နေဟန် ပေါ်လွင်နေခဲ့ပြီး အနည်းငယ်ဒေါသထွက်နေတာကိုလည်း သူ့မျက်နှာမှာ အထင်အရှား တွေ့မြင်ခဲ့ရပါတယ်။

play

 

မော်ရင်ဟိုနဲ့ လက်ဆွဲနှုတ်ဆက်ခြင်း မရှိတာ၊ မော်ရင်ဟိုရဲ့ ညွှန်ကြားမှုကို ပေါ့ဂ်ဘာအနေနဲ့ မလိုက်နာတာတွေဟာ သူတို့နှစ်ဦးကြားမှာ ဆက်ဆံရေးအဆင်မပြေဖြစ်နေမှုတွေကို ထင်ရှားစေခဲ့ပြီးတော့ မီးပွားလေးတွေရှိနေကြောင်းလည်း ထင်သာမြင်သာ ရှိစေခဲ့ပါတယ်။ ဒါပေမယ့် မော်ရှုဟိုကတော့  BT Sports နဲ့ တွေ့ဆုံစဉ်မှာ ပေါ့ဂ်ဘာကို ချီးကျူးသွားခဲ့ပြီး ကောင်းမွန်စွာ ကစားနိုင်ခဲ့တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

play

 

အသင်းမှာ ပွဲထွက်စာရင်းမှ ချန်လှပ်ခံရမှု၊ မကြာခဏဆိုသလို လူစားလဲလှယ်ခြင်း ခံနေရမှုတွေနဲ့အတူ ပေါ့ဂ်ဘာဟာ မော်ရင်ဟိုရဲ့ နည်းစနစ်ပိုင်းတွေကို နှစ်သက်မှုမရှိဘူးလို့လည်း သိရပြီး သူ့ရဲ့အေးဂျင့် ရွိုင်အိုလာဟာ ပြီးခဲ့တဲ့ ရက်တွေအတွင်းက ပေါ့ဂ်ဘာအတွက် အသင်းသစ် ရှာဖွေနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာခဲ့ပါသေးတယ်။

play

 

မော်ရင်ဟိုကလည်း ပေါ့ဂ်ဘာကို လူသိရှင်ကြားဝေဖန်မှုတွေ ပြုလုပ်ခဲ့ခြင်းလည်း ရှိခဲ့ပါတယ်။ ပေါ့ဂ်ဘာရဲ့ စွမ်းဆောင်ရည်အပေါ်မှာ မော်ရင်ဟိုအနေနဲ့ စိတ်တိုင်းမကျဖြစ်နေခဲ့ပြီး လာမယ့်နွေရာသီမှာ အသင်းကနေ ပြန်လည်ရောင်းထုတ်တော့မယ်ဆိုတဲ့ သတင်းတွေလည်း ပေါ်ထွက်ခဲ့ပါတယ်။ ကာယကံရှင်နှစ်ဦးစလုံးကတော့ ဘယ်လိုဖြေရှင်းမှုမျိုးမှ ပြန်လည်တုံ့ပြန်ခြင်းမရှိသေးတာကိုလည်း တွေ့ရှိရပါတယ်။

Source : DailyMail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD