AD
AD
AD

အာဆင်နယ်အသင်းရဲ့ နည်းပြ အာစင်ဝင်းဂါးက ယခုနှစ်အတွက် ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံး နည်းပြဆုကို ရရှိနိုင်မယ့် နည်းပြ ကို ထုတ်ဖော်ပြောခဲ့ပါတယ်။

play

 

အာစင်ဝင်းဂါး ထုတ်ဖော်ပြောခဲ့တဲ့ နည်းပြ နှစ်ဦးကတော့ မန်စီးတီး နည်းပြ ပက်ဂွါဒီယိုလာနဲ့ ဘန်လေအသင်းနည်းပြ ဆီယန်ဒိုင်ချီတို့ပဲ ဖြစ်ပါ တယ်။

play

 

မန်စီးတီးနည်းပြမှာ လက်ကျန် ၅ ပွဲအလိုမှာပင် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်အောင်စွမ်းဆောင်ပေးထားနိုင်ပြီ ဖြစ်သလို ကာရာဘောင်လိဂ်ဖ လားကိုလည်း ဆွတ်ခူးထားနိုင်သူ ဖြစ်ပါတယ်။

ဘန်လေနည်းပြ ဒိုင်ချီကတော့ ယခုနှစ်မှာ ဘန်လေအသင်းကို အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်တွေနဲ့အတူ အဆင့် ၇ နေရာအထိ ရပ်တည်ထား နိုင်အောင်စွမ်းဆောင်ပေးထားနိုင်တာလည်း ဖြစ်ပါတယ်။

ဆက်လက်ပြီး အာစင်ဝင်းဂါးက ဘန်လေအသင်းအနေနဲ့ ယခုတစ်ပတ်ကစားမယ့် ချဲလ်ဆီးနဲ့ ပွဲစဉ်မှာလည်း အနိုင်ရလဒ်ရရှိလိမ့်မယ်လို့ ယုံကြည် နေပြီး ယခုနှစ်အတွက် အကောင်းဆုံး နည်းပြစာရင်းမှာ ဒိုင်ချီကို ထည့်သွင်းဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။

တစ်ဦးတစ်ယောက်ကို ရွေးချယ်ဖို့ ပြောတဲ့အခါမှာတော့ အာစင်ဝင်းဂါးက ဒါတော့ အသေအချာမသိပါဘူး။သူတို့နှစ်ယောက်ထဲက တစ်ယောက် ကတော့ ရသင့်တယ်လို့ ယူဆပါတယ်။" လို့ သာ ထုတ်ဖော်ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ယခုနှစ်မှာ အဆင့် ၆ နေရာမှာသာ ရပ်တည်ထားနိုင်ပြီး လာမယ့်နှစ် ချန်ပီယံလိဂ် ၀င်ခွင့်ရဖို့ဆိုရင် လက်ရှိ ဆီမီးဖိုင် နယ်ရောက်နေတဲ့ ယူရိုပါလိဂ်မှာ ချန်ပီယံ ဖြစ်ဖို့ အရေးကြီးနေတာလည်း ဖြစ်ပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD