AD
AD
AD

ဘန်လေအသင်းနဲ့ပွဲစဉ်မှာ လူစားလဲလှယ်ခံရမှုအပေါ် စိတ်ဆိုးဒေါသထွက်ပြီးတော့ ပြုမူခဲ့တဲ့ သူ့ရဲ့အပြုအမူတွေအတွက် ချယ်လ်ဆီး တိုက်စစ်မှူး မိုရာတာက ပြန်လည်တောင်းပန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ စပိန်တိုက်စစ်မှူးဟာ အသင်းအတွက် အပိုင်အခွင့်အရေးကို အသုံးမချနိုင်ပြီးတဲ့နောက်မှာ လူစားလဲလှယ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

play

 

မိုရာတာက သူ့ရဲ့ တွစ်တာအကောင့်မှတဆင့် ပြန်လည်တောင်းပန်ခဲ့တာလည်း ဖြစ်ပါတယ်။ " အရေးကြီးတဲ့ အနိုင်သုံးမှတ်ပါ၊ တနင်္ဂနွေနေ့မှာ ကစားရမယ့်ပွဲကို အနိုင်ရဖို့လည်း ပြင်ဆင်ပြီးပါပြီ၊ ကျွန်တော့်ရဲ့ အပြုအမူတွေအတွက် ပြန်လည်တောင်းပန်ချင်ပါတယ်၊ အခွင့်အရေးကို အသုံးမချနိုင်ခဲ့တဲ့ ကိုယ့်ကိုကိုယ် ဒေါသထွက်ခဲ့လို့ ဒီလိုပြုမူမိတာပါ" လို့ မိုရာတာက ရေးသား တောင်းပန်ခဲ့ပါတယ်။

play

မိုရာတာဟာ လူစားလဲလှယ်ခံရပြီးချိန်မှာ သူ့ရဲ့ ဖိနပ်ကို ဒေါသတကြီး လွှင့်ပစ်ခဲ့ပြီးတော့ ပါးစပ်မှလည်း အော်ဟစ်ခဲ့တာ စိတ်ဆိုး ဒေါသထွက်နေခဲ့တာလည်း ဖြစ်ပါတယ်။ ရုပ်သံပြကွက်များအရ မိုရာတာကို အသင်းဖော် ဖာဘရီဂတ်စ်က နှစ်သိမ့်မှုတွေလည်း ပြုလုပ်ခဲ့ရပါတယ်။

play

 

ချယ်လ်ဆီးနည်းပြ ကွန်တီဟာ မိုရာတာကို ပွဲချိန် (၇၁) မိနစ်မှာ လူစားလဲလှယ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီးတော့ အက်ဖ်အေဖလားပွဲစဉ်အတွက် အနားပေးထားတဲ့ ဟာဇက်နဲ့ မိုရာတာကို လဲလှယ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကွန်တီအနေနဲ့ မိုရာတာရဲ့ ကစားပုံအပေါ်မှာ ကျေနပ်နေခဲ့ပြီးတော့ မိုရာတာနဲ့ဂီရော့ဒ်တို့ရဲ့ ပထမဆုံးအကြိမ် တွဲဖက်ကစားမှုအပေါ်မှာ ပျော်ရွှင်နေတယ်လို့လည်း သိရပါတယ်။

play

 

" မိုရာတာအနေနဲ့ ဒေါသထွက်နေမယ်ဆိုတာ သိပါတယ်၊ သူ့အနေနဲ့ ဂိုးရရှိဖို့ အခွင့်အရေးကို တိုက်စစ်မှူးတစ်ယောက်အနေနဲ့ ရရှိခဲ့ပြီး ယုံကြည်မှုရဖို့ အခွင့်ကောင်းကို ပိုင်ဆိုင်ခဲ့တာပါ၊ သူ့အနေနဲ့ ဒီအခွင့်အရေးကို လွဲချော်ခဲ့လို့ သူ့ကိုယ်သူ ဒေါသထွက်တယ်ဆိုတာကို ကျွန်တော် နားလည်ပါတယ်" လို့ ကွန်တီက သူ့ကစားသမားအပေါ် သုံးသပ်ခဲ့ပါတယ်။

play

 

ချယ်လ်ဆီးကတော့ ဘန်လေအသင်းကို ၁-၂ ဂိုး နဲ့  အနိုင်ရရှိခဲ့ပြီး ဘန်လေကစားသမား ကီဗင်လောင်းရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှု၊ မော့ဆက်ရဲ့ ဂိုးတို့နဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စပါးအသင်းကို ဖိအားပေးနိုင်ဆဲပဲ ဖြစ်ပါတယ်။ မိုရာတာဟာ ဒီရာသီမှာ ချယ်လ်ဆီး အတွက် ပြိုင်ပွဲစုံ (၄၃)ပွဲ ကစားပြီး (၁၄)ဂိုး သွင်းယူပေးထားတဲ့ တိုက်စစ်မှူးဖြစ်ပါတယ်။ ချယ်လ်ဆီးအနေနဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဆောက်သမ်တန်အသင်းနဲ့ လာမယ့်တနင်္ဂနွေနေ့မှာ ကစားရမှာလည်း ဖြစ်ပါတယ်။

Source : DailyMail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD