AD
AD
AD

ဘုန်းမောက်အသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ မိုဟာမက်ဆာလာဟာ ဒီရာသီ လီဗာပူးအတွက် ပရီးမီးယား လိဂ် သွင်းဂိုး ၃၀ ပြည့်မြောက်ခဲ့ပြီလည်း ဖြစ်ပါတယ်။

play

 

ယင်းကဲ့သို့ သွင်းယူနိုင်ခဲ့ခြင်းကြောင့်လည်း ဆာလာဟာ ယခုနှစ် ရာသီ ပရီးမီးယားလိဂ်မှ သွင်းဂိုးအများဆုံးသွင်းယူထားနိုင်ပြီ ဖြစ်သလို တစ်ရာ သီအတွင်း ပရီးမိးယားလိဂ် သွင်းဂိုးအများဆုံး သွင်းယူနိုင်တဲ့ အာဖရိက ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

play

 

အဆိုပါ စံချိန်ကိုတော့ ၂၀၀၉-၁၀ ခုနှစ်တုန်းက အိုင်ဗရီကို့စ် တိုက်စစ်မှူး ဒီဒီယာဒရော့ဘာက ချဲလ်ဆီးအသင်းနဲ့အတူ ၂၉ ဂိုး သွင်းယူပြီး အများဆုံး အဖြစ် တင်ရှိထားတာကြောင့် ဆာလာမှာ ယခုစံချိန်ကို ဒရော့ဘာကို ကျော်ဖြတ်ပြီး ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါကြောင့်လည်း ဒရော့ဘာက ဆာလာကို -" မင်းအတွက် ဂုဏ်ယူပါတယ် ညီငယ်၊ အမြင့်ဆုံးတွေ မင်းဆက်လက်စွမ်းဆောင်နိုင်ပါစေ၊ ချစ်ခြင်း နဲ့ မေတ္တာတွေလည်း ရရှိနိုင်ပါစေ။" လို့ အင်စတာဂရမ်ကနေ ဆုတောင်းပေးခဲ့တာလည်း ဖြစ်ပါတယ်။

ဆာလာအနေနဲ့ ယခု စံချိန်တင်မကပဲ နောက်ထပ် ဆုတစ်ခုဖြစ်တဲ့ ဂိုးသွင်းအများဆုံးဆုအတွက်လည်းထိပ်ဆုံးက ရပ်တည်ထားနေတာလည်း ဖြစ်ပါတယ်။

ယခုလို စံချိန်တွေတင်ပြီး ခြေစွမ်းပြနေတဲ့ ကစားသမားကို ချဲလ်ဆီးအသင်းက ၂၀၁၆ ခုနှစ်က ရောင်းထုတ်ခဲ့တာ ဖြစ်ပြီး ရိုးမားအသင်းကနေ လီဗာပူးအသင်းကို ပြောင်းရွှေ့လာခဲ့တာလည်း ဖြစ်ပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD