AD
AD
AD

မော်ရင်ဟို နဲ့ ပေါလ်ပေါ့ဂ်ဘာတို့ရဲ့ ကြားက ရန်စဟာ ဆာအဲလက်စ်ဖာဂူဆန်နဲ့ ဒေးဗစ်ဘက်ခမ်တို့ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ အလားသဏ္ဍာန် တူညီမှုတွေ ရှိလာခဲ့ပြီလို့ ဒေးလီးမေးလ်က ဖော်ပြသုံးသပ်ခဲ့ပါတယ်။ ဘက်ခမ်ဟာ မီဒီယာတွေကြားမှာ ထင်ပေါ်ကျော်ကြားအောင် နေထိုင်ပြုမူခဲ့တယ်လို့ ဖာဂူဆန်က စွပ်စွဲပြောကြားခဲ့ဖူးပါတယ်။ ပေါ့ဂ်ဘာကလည်း သူ့ရဲ့ ဆံပင်စတိုင်လ်ကို မကြာခဏဆိုသလို ပြောင်းလဲနေပြီးတော့ လူမှုကွန်ယက်ပေါ်မှာ အများရဲ့ အာရုံစိုက်စိတ်ဝင်စားခြင်းကို ရရှိနေသူ ဖြစ်ပါတယ်။

play

 

ဖာဂူဆန်အနေနဲ့လည်း ဒေးဗစ်ဘက်ခမ်နဲ့ ပြသနာဖြစ်ပွားခဲ့အပြီးမှာ အင်္ဂလန်စူပါစတားကို ရီးရဲလ်မက်ဒရစ်အသင်းကို ရောင်းချခဲ့တာလည်း ဖြစ်ပါတယ်။ အိုးထရက်ဖို့ဒ်ရဲ့ အတွင်းသတင်းရင်းမြစ်များအရ ဘက်ခမ်နဲ့ပေါ့ဂ်ဘာတို့ဟာ မန်နေဂျာများနဲ့ ဖြစ်ပွားခဲ့တဲ့ ဆက်ဆံရေး အဆင်မပြေမှုချင်း တူညီနေခဲ့ပြီးတော့ မော်ရင်ဟိုအနေနဲ့ ပေါ့ဂ်ဘာကို စကားပြောဆိုမှုတွေ မရှိသလောက်ပဲလို့လည်း သိရပါတယ်။

play

 

မန်ယူအသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးပေးချေခဲ့ရတဲ့ ကစားသမားဟာ ဘုန်းမောက်နဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး လူစားလဲလှယ် ခံရတဲ့နောက်မှာ မော်ရင်ဟိုနဲ့ မျက်နှာချင်းမဆိုင်ပဲနဲ့ အ၀တ်လဲခန်းထဲကို တိုက်ရိုက်ဝင်ရောက်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း မော်ရင်ဟိုက သူ့ရဲ့ နောက်က ထိုင်ခုံမှာ ထိုင်စေဖို့ ပေါ့ဂ်ဘာကို ညွှန်ကြားခဲ့တာဖြစ်ပြီး ပေါ့ဂ်ဘာအနေနဲ့ မလိုက်နာခဲ့တာလည်း ဖြစ်ပါတယ်။

play

 

မော်ရင်ဟိုကတော့ ပေါ့ဂ်ဘာကို ပြန်လည်ခေါ်ခိုင်းခဲ့ပြီး အရံခုံတန်းမှာ ၀င်ရောက်ထိုင်နေစေခဲ့ပါတယ်။ ဘုန်းမောက်နဲ့ ပွဲစဉ်က ပေါ့ဂ်ဘာရဲ့ ခြေစွမ်းကို အကောင်းဆုံးကစားသမားဆု ရသင့်တယ်လို့ မော်ရင်ဟိုက မှတ်ချက်ပြုခဲ့ပြီးတော့ မန်ချက်စတာဒါဘီပွဲစဉ်အပြီး နောက်ထပ် တစ်ပွဲမှာ ပေါ့ဂ်ဘာ ခြေစွမ်းပြနိုင်ခဲ့တယ်လို့လည်း ချီးကျူးခဲ့ပါသေးတယ်။

play

 

မန်ယူကွင်းလယ်လူဟောင်း ပေါလ်စခိုးကတော့ ပေါ့ဂ်ဘာအနေနဲ့ နွေရာသီမှာ အသင်းက ထွက်ခွာသွားနီုင်တယ်လို့ သုံးသပ်ခဲ့ပြီးတော့ ပေါ့ဂ်ဘာရဲ့ ပြောင်းရွှေ့ကြေးကို မန်ယူအသင်းက ပေါင်သန်း ၁၄၀ အထိ သတ်မှတ်ခဲ့တယ်လို့လည်း ဒီနေ့မှာ သတင်းများ ထွက်ပေါ်လာခဲ့ ပါတယ်။ စခိုးလ်အတွက်တော့ ဖာဂူဆန်နဲ့ဘက်ခ်တို့ရဲ့ ဆက်ဆံရေးအဆင်မပြေမှုတွေနဲ့ တိုက်ပွဲတွေကို မြင်တွေ့ခဲ့ရပြီး အခုအခါ နောက်ထပ် တစ်ကြိမ် အဆိုပါအခြေအနေကို ထပ်မံကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။

play

 

ဖာဂူဆန်ကတော့ ဘက်ခမ်အနေနဲ့ ဗစ်တိုးရီးယားနဲ့လက်ထပ်အပြီးမှာ လူမှုဘ၀နေထိုင်မှုပုံစံဟာ ပြောင်းလဲလာခဲ့တယ်လို့ ယူဆခဲ့ပြီး ဘောလုံးအပေါ် အာရုံမစူးစိုက်ဘူးလို့ ပြစ်တင်ခဲ့ပြီး ရီးရဲလ်ကို ၂၀၀၃ ခုနှစ်မှာ ရောင်းချခဲ့တာဖြစ်ပါတယ်။ ဒီမတိုင်ခင်မှာလည်း အက်ဖ်အေ ဖလားပွဲစဉ်မှာ အာဆင်နယ်ကို ၂-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲမှာလည်း ဖာဂူဆန်ဟာ ဒေါသကြီးစွာနဲ့ ဖိနပ်ကို ပိတ်ကန်ခဲ့မှုဟာ ဘက်ခမ်ကို သွားရောက်ထိမှန်ခဲ့ပြီးတော့ ဘက်ခမ်အနေနဲ့ မျက်ခုံးကွဲခဲ့ရပြီး ဒဏ်ရာရရှိခဲ့ပါသေးတယ်။ ဒါဟာ တမင်သက်သက်လား၊ ရည်ရွယ်ချက်နဲ့လား ဆိုတာကတော့ ဒီနေ့အထိ ပဟေဠိဆန်နေဆဲပဲ ဖြစ်ပါတယ်။

play

 

  မော်ရင်ဟိုက အခြားကွင်းလယ်လူတစ်ဦးဖြစ်သူ လူငယ်ကစားသမားလေး မက်တော်မီနေးရဲ့ နေထိုင်မှုပုံစံကို ချီးကျူးခဲ့ပြီး ဆံပင်ပုံစံ ခဏခဏမချိန်းသူ၊ အ၀တ်အစားကို ရိုးရိုးကုပ်ကုပ်သာ ၀တ်ဆင်တတ်သူ စသဖြင့် ချီးကျူးခဲ့ပြီးတော့ ဒီချီးကျူးစကားဟာ ပေါ့ဂ်ဘာရဲ့ ဆံပင်ပုံစံမကြာခဏ ပြောင်းလဲနေမှုကို စောင်းမြောင်းပြောဆိုခဲ့တာလားလို့ မေးခွန်းထုတ်စရာတွေ ဖြစ်ခဲ့ပါတယ်။ သူတို့နှစ်ဦးကြား ဆက်ဆံရေးဟာ အေးစက်မှုတွေ ရှိလာခဲ့ပြီးနောက်မှာတော့ မန်ချက်စတာယူနိုက်တက်အတွက် အခြားသော ဖာဂူဆန်နဲ့ဘက်ခမ်တို့ရဲ့ ဖြစ်ရပ်ကို ကြုံတွေ့နေရပြီလားဆိုတာ စိတ်ဝင်စားစရာဖြစ်လာခဲ့ပါတယ်။

ှSource : DailyMail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD