AD
AD
AD

အာဆင်နယ်အသင်းနဲ့ ရာသီကုန်မှာ လမ်းခွဲမယ်လို့ ကြေငြာခဲ့တဲ့ နည်းပြကြီး အာစင်ဝင်းဂါးဟာ ဘောလုံးလောကမှ အနားယူဖို့ အစီအစဉ် မရှိသေးပဲ အခြားအသင်းတစ်သင်းကို ကိုင်တွယ်ဦးမှာဖြစ်တယ်လို့ သတင်းများက ဖော်ပြခဲ့ကြပါတယ်။ အသက် (၆၈) နှစ် အရွယ်ရှိ နည်းပြကြီးဟာ အာဆင်နယ်အသင်းနဲ့ (၂၂) နှစ်ကြာ လက်တွဲခဲ့အပြီးမှာ အာဆင်နယ်နည်းပြဘ၀ကို တစ်ခန်းရပ်တော့မှာလည်း ဖြစ်ပါတယ်။

play

 

ပြင်သစ်နည်းပြကြီးအနေနဲ့ အသင်းနဲ့ စာချုပ်သက်တမ်း (၁)နှစ် ကျန်ရှိနေသေးပေမယ့် သောကြာနေ့ မနက်ပိုင်းက အသင်းနဲ့ လမ်းခွဲတော့မယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အသင်းနဲ့ နည်းပြကြီးကြား နှစ်ဖက်သဘောတူညီမှု ရယူပြီးတဲ့နောက်မှာ ၀င်းဂါးက တရားဝင်ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ ဒီသတင်းကြောင့် ဘောလုံးလောကတစ်ခုလုံးဟာ အံ့အားသင့်ခြင်းများစွာ ဖြစ်ခဲ့ရပါသေးတယ်။

play

 

အာစင်ဝင်းဂါးဟာ သူ့ရဲ့ နောက်ထပ်ကလပ်အသင်းနည်းပြဘ၀ကို ပီအက်စ်ဂျီအသင်း (သို့) မိုနာကိုအသင်းတို့ကို ကိုင်တွယ်ဖို့ ဆန္ဒရှိပြီး ဆွေးနွေးညှိနှိုင်းဖို့ အသင့်ရှိနေကြောင်းလည်း သိရပါတယ်။ ပီအက်စ်ဂျီအသင်းကတော့ လက်ရှိနည်းပြ အူနိုင်းအမ်မရီကို ထုတ်ပယ်ပြီး ဒေါ့မွန်နည်းပြဟောင်း တူချယ်လ်ကို ခန့်အပ်ဖို့ သဘောတူညီမှု ရခဲ့ပြီလို့ သတင်းတွေ ထွက်နေခဲ့ပေမယ့် တူချယ်လ်ကိုလည်း အာဆင်နယ် အသင်းက ချဉ်းကပ်မှုတွေ ပြုလုပ်နေခဲ့ပါတယ်။

play

 

ပီအက်စ်ဂျီအသင်း ဥက္ကဌ နတ်ဆာအယ်လ်ခါလိုင်ဖီနဲ့ ရင်းနှီးသူတစ်ယောက်ရဲ့ ပြောစကားအရဆိုရင်တော့ ပီအက်စ်ဂျီအသင်းဟာ အသင်းရဲ့ အားကစားဒါရိုက်တာရာထူးအတွက် ၀င်းဂါးကို ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ၀င်းဂါးအနေနဲ့ အသင်းဟောင်း မိုနာကိုကို ပြန်လည်ကိုင်တွယ်ဖို့လည်း ဆန္ဒရှိနေတယ်ဆိုတဲ့ သုံးသပ်ခန့်မှန်းမှုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

play

 

ဒီသတင်းတွေနဲ့ ပတ်သက်ပြီးတော့ အာစင်ဝင်းဂါးအနေနဲ့ ဘယ်လိုငြင်းဆန်မှုမျိုးမှ မပြုလုပ်ခဲ့သလို သူကိုယ်တိုင်လည်း နည်းပြဘ၀မှ အနားယူတော့မယ်လို့ ပြောကြားမှုတွေလည်း မရှိသေးတာကို တွေ့မြင်ခဲ့ရပါတယ်။ ဒါဟာ သတင်းများ ပေါ်ထွက်နေသလိုမျိုး ၀င်းဂါးအနေနဲ့ သူ့ရဲ့ နည်းပြဘ၀ကို ပြင်သစ်မှာ ပြန်လည်အခြေချဖို့အတွက် စိတ်ကူးနေတာလားဆိုတာကတော့ စိတ်ဝင်စားစရာကောင်းလာပြီ ဖြစ်ပါတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD