AD
AD
AD

ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံးကစားသမားစာရင်းကို ထုတ်ပြန်ခဲ့ရာမှာတော့ ထိပ်ဆုံး (၁၀)ဦး စာရင်းမှာ နောက်ခံကစားသမား (၅) ဦးအထိ ပါဝင်ခဲ့တာကို အံ့အားသင့်ဖွယ် တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အမြန်ဆုံးကစားသမားစာရင်းမှာ တိုက်စစ်မှူး၊ တောင်ပံကစားသမားတွေ ပါဝင်လေ့ရှိတာဖြစ်ပေမယ့်လည်း အခုအခါမှာတော့ နောက်ခံကစားသမားအများစုဟာ အမြန်ဆုံးကစားသမားစာရင်းထဲကို ၀င်ရောက်လာခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ဒီရာသီမှာ ခြေစွမ်းပြသနေခဲ့တဲ့ လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက်ဆာလာကတော့ အဆင့် (၁၈) နေရာမှာသာ ရပ်တည်နေခဲ့ပြီးတော့ သူ့ရဲ့နောက်မှာတော့ အသင်းဖော်များဖြစ်ကြတဲ့ ဆာဒီယိုမာနေး နဲ့ ချိန်ဘာလိန်တို့က အစဉ်လိုက် ရပ်တည်နေခဲ့ကြပါတယ်။ အာဆင်နယ် ကစားသမားများဖြစ်ကြတဲ့ ဘယ်လာရင် နဲ့ အူဘာမီယန်တို့ကတော့ ထိပ်ဆုံး (၁၀) ဦးစာရင်းပြင်ပမှာ ရှိနေခဲ့ပြီး အာဆင်နယ် အသင်းခေါင်းဆောင် ကိုစီယယ်နီကတော့ အဆင့် (၁၀) မှာ ရပ်တည်နိုင်ခဲ့ပါတယ်။

play

 

အခြားနောက်ခံလူများဖြစ်ကြတဲ့ ဗန်အန်ဟော့၊ ရူဒီဂါ၊ ဝေါ်ကာ၊ ကီကိုဖန်မီနီယာတို့ဟာ ထိပ်ဆုံး (၁၀) ဦးစာရင်းမှာ ပါဝင်လာခဲ့ပြီးတော့ နောက်ခံကစားသမားတွေဟာ ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံးကစားသမားစာရင်းကို လွှမ်းမိုးနိုင်ခဲ့ပါတယ်။ ထိပ်ဆုံးမှာ ရပ်တည်နေခဲ့သူကတော့ မန်စီးတီးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဆာနေးဖြစ်ပြီးတော့ ဆာနေးနောက်မှာ ရှိနေတာကတော့ ဗန်အန်ဟော့ပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးကြားက ကွာခြားချက်ဟာ ဒဿမကိန်းအစွန်းလေးသာသာပဲရှိပြီးတော့ လျင်မြန်မှုမှာ မတိမ်းမယိမ်း ဖြစ်နေခဲ့ပါတယ်။

play

 

စပါးအသင်းမှ မူဆာဆစ်ဆိုကိုကတော့ အဆင့် (၃)နေရာမှာ ရပ်တည်နေခဲ့ပြီးတော့ သူ့ရဲ့နောက်မှာတော့ သီယိုဝဲလ်ကော့၊ ဝေါ်ကာ၊ ရူဒီဂါနဲ့ ဇာဟာတို့က ရှိနေခဲ့ပါတယ်။ ထိပ်ဆုံး (၁၀) ရဲ့ အမြန်နှုန်းတွေဟာ ၃၅ ကီလိုမီတာကျော်မှာ ရှိခဲ့ကြပြီးတော့ ဒဿမကိန်းလောက်ပဲ ခြားနားခဲ့တာမို့ သူတို့တွေရဲ့ လျှင်မြန်မှုတွေဟာ ထပ်တူနီးပါးမှာ ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။

play

 

ဒီ အမြန်ဆုံးကစားသမားစာရင်းမှာတော့ မန်ချက်စတာယူနိုက်တက်မှ ကစားသမား (၁)ဦးမျှ ပါဝင်လာခဲ့ခြင်း မရှိတာကိုလည်း မြင်တွေ့ခဲ့ရပြီးတော့ မန်စီးတီး၊ လီဗာပူးလ် နဲ့ အာဆင်နယ်အသင်းတို့မှ (၃)ဦးစီ ပါဝင်လာခဲ့ပါတယ်။

Source : DailyMail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD