AD
AD
AD

ယနေ့ညမှာ ကစားမယ့် စပါးအသင်းနဲ့ အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ မန်ယူနည်းပြ မော်ရင်ဟိုက ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ မန်စီးတီးအသင်းနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောခဲ့တာ ဖြစ်ပါတယ်။

play

 

မော်ရင်ဟိုက ပြောခဲ့ရာမှာတော့ မန်စီးတီးအသင်းအနေနဲ့ လာမယ့်နှစ်မှာလည်း ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် စိန်ခေါ်နေအုံးမှာပါပဲ။ကျန် တဲ့အသင်းတွေကတော့ ဒီနှစ်လို့ပဲ ဒုတိယနေရာအတွက် လုကြရအုံးမှာပါပဲ။" လို့ ပြောခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ဒါ့အပြင် ယခု ယှဉ်ပြိုင်မယ့် အက်ဖ်အေဖလား ပြိုင်ပွဲကို ယနေ့ခေတ် မော်ဒန် ဘောလုံးနည်းပြတွေအနေနဲ့ ဘယ်သူမှ ဦးစားပေးရယူလိုခြင်းမရှိ တော့ပဲ ပရီးမီးယားလိဂ်ဖလား မရနိုင်တော့မှသာ ရယူဖို့ ကြိုးပမ်းနေကြတာလို့လည်း မြင်မိတယ်လို့ ၎င်းက ဆက်လက်ပြောခဲ့ပါသေးတယ်။

မော်ရင်ဟိုရဲ့ မန်ယူအသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ ဒုတိယနေရာ ရပ်တည်ထားပေမယ့်လည်း မော်ရင်ဟိုက မကျေနပ်နိုင်သေးပဲ လာမယ့် နှစ်မှာလည်း မန်စီးတီးကသာပင် နောက်ထပ် ပရီးမီးယားလိဂ်ဆုဖလားအတွက် စွမ်းဆောင်သွားအုံးမှာ ဖြစ်ပြီး ၎င်းတို့ကို လိုက်မီဖို့ မဖြစ်နိုင်သေး ဘူးလို့ မော်ရင်ဟိုက ပြောခဲ့ပါတယ်။

မန်ယူအသင်းအနေနဲ့ ယနေ့ညမှာကစားမယ့် စပါးနဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် အဓိက ကစားသမားများဖြစ်ကြတဲ့ ဆန်းချက်၊ ပေါ့ဂ်ဘာ၊ရက်ရှ်ဖို့ဒ်၊လင်ဂတ်တို့ကို ခေါ်ဆောင်လာခဲ့တာလည်း တွေ့မြင်ရပါတယ်။

မန်ယူနဲ့ စပါးအသင်းတို့ရဲ့ အက်ဖ်အေဖလား ဆီမီးဖိုငနယ်ပွဲစဉ်ကိုတော့ ယနေ့ည မြန်မာစံတော်ချိန် ည ၁၀ နာရီ ၄၅ မိနစ်မှာယှဉ်ပြိုင်ကစားမှာ လည်း ဖြစ်ပါတယ်။

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD