AD
AD
AD

အာဆင်နယ်အသင်းခေါင်းဆောင် ကိုစီယယ်နီဟာ အက်သလက်တီကိုအသင်းနဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။ အသက် (၃၂)နှစ်အရွယ် ပြင်သစ်ကစားသမားဟာ ခြေထောက်ကို ထိခိုက်မိခဲ့တာဖြစ်ပြီးတော့ ဒဏ်ရာဟာ ပြင်းထန်ဖွယ်ရှိကြောင်းလည်း သိရပါတယ်။

play

 

 ပွဲချိန် (၁၂)မိနစ်မှာ ကိုစီယယ်နီဟာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီးတော့ ချန်ဘာနဲ့ လူစားလဲလှယ်ခဲ့ရပါတယ်။ ပြင်သစ်လက်ရွေးစင် ကိုစီယယ်နီဟာ ဆေးစစ်ဆေးချက်များအရ ဖနောင့်ကြောဒဏ်ရာရရှိခဲ့တာလို့ သိရပါတယ်။

play

 

" မြင်ရတဲ့ပုံစံအရဆိုတော့ ဆိုးရွားမယ်ထင်ပါတယ်၊ ဒါပေမယ့် အတိအကျကိုတော့ သေချာစစ်ဆေးပြီးမှ သိရမှာဖြစ်ပြီး အဆိုးရွားကြီးမဟုတ်ဖို့ မျှော်လင့်မိပါတယ်၊ ဒါပေမယ့် သူ လဲကျသွားတဲ့အခိုက်မှာ မြင်ရတဲ့ ပုံစံအရဆိုရင်တော့ စိုးရိမ်စရာပါပဲ" လို့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောကြားခဲ့ပါတယ်။

play

 

ကိုစီယယ်နီအနေနဲ့ ကမ္ဘာ့ဖလားပွဲအမှီ ပြန်လည်သက်သာနိုင်လားဆိုတဲ့ မေးခွန်းအပေါ်မှာလည်း ၀င်းဂါးက အခုလိုပဲ ပြောကြားခဲ့ပါသေးတယ်။ " ဒဏ်ရာကို စကမ်ဖတ်ပြီးတော့မှ ဒီအပေါ် မူတည်ပြီးပြောလို့ရမှာပါ" လို့ ၀င်းဂါးက ဖြေကြားခဲ့ပါတယ်။ ဖနောင့်ကြောဒဏ်ရာဟာ ပုံမှန်အားဖြင့် အနည်းဆုံး (၆)လခန့် အနားယူရတတ်တယ်လို့လည်း သိရပါတယ်။

play

 

အာဆင်နယ်အသင်းကတော့ ပရီးမီးယားလိဂ်မှာ ကစားဖို့ (၃)ပွဲ ကျန်ရှိနေပြီး တနင်္ဂနွေနေ့မှာ ဘန်လေအသင်းကို အိမ်ကွင်းမှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ကျန်ရှိတဲ့ (၂)ပွဲကိုတော့ လက်စတာအသင်းရဲ့ အိမ်ကွင်းနဲ့ ဟတ်ဒါဖီးလ်တို့ရဲ့ ကွင်းမှာ သွားရောက်ကစားရမှာပါ။ လီဗာပူးလ် ကွင်းလယ်လူချန်ဘာလိန်ဟာလည်း မန်စီးတီးနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ဒဏ်ရာရရှိပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ခဲ့ပါတယ်။ ကိုစီယယ်နီအနေနဲ့လည်း ဒီလိုအဖြစ်မျိုးကို ရင်မဆိုင်ရဖို့ မျှော်လင့်နေတယ်လို့လည်း သိရပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD