AD
AD
AD

ရာသီအကုန်မှာ နည်းပြအာစင်ဝင်းဂါး ထွက်ခွာတော့မယ့် အာဆင်နယ်အသင်းဟာ ၎င်းနေရာမှာ အစားထိုးမယ့် နည်းပြကို ရှာဖွေလျရှိနေရာ မန်ယူနည်းပြ မော်ရင်ဟိုကို မိမိရဲ့ လက်ထောက်နည်းပြ ရူအီ ဖာရီရာကိုသာ နည်းပြအဖြစ် ခန့်အပ်ဖို့ သင့်တယ်လို့ ထုတ်ဖော်ပြောခဲ့တာ ဖြစ်ပါ တယ်။

play

 

ဖာရီရာမှာ အာဆင်နယ်အသင်း ခေါ်ယူဖို့ ပစ်မှတ်ထားတဲ့ နည်းပြစာရင်းမှာ ပါဝင်နေသူ တစ်ဦးဖြစ်ပြီး အသက် ၄၂ နှစ်အရွယ်သာ ရှိသေးတဲ့ နည်းပြ တစ်ဦးလည်း ဖြစ်ပါတယ်။

play

 

ဖာရီရာမှာ မော်ရင်ဟိုရဲ့ လက်စွဲတော် တစ်ဦးဖြစ်ပြီး ၎င်းနဲ့အတူ ကလပ်အသင်း ၆ သင်းလောက် အတူတကွ ပူးပေါင်း ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး လွန်ခဲ့တဲ့ ၁၄ နှစ်ကတည်းက ပေါ်တိုအသင်းမှာ စတင်လက်တွဲခဲ့သူလည်း ဖြစ်တယ်လို့ သိရပါတယ်။

မော်ရင်ဟိုက ၎င်းရဲ့ လက်ထောက်နည်းပြကသာ အာဆင်နယ်အတွက် အသင့်တော်ဆုံးနည်းပြလို့ ထုတ်ဖော်ပြောခဲ့တာလည်း ဖြစ်ပါတယ်။

မော်ရင်ဟိုက ပြောခဲ့ရာမှာတော့ -" သူ့ကို ကျွန်တော် ထောက်ခံရတာက ဘာကြောင့်ဆိုတာတွေထက် အများကြီးပိုပါတယ်။သူက ကျွန်တော့်ရဲ့ လက်ထောက်တစ်ဦးပါ။ဒါ့အပြင် သူငယ်ချင်းတစ်ဦးလည်း ဟုတ်ပါတယ်။ကျွန်တော့်သူငယ်ချင်းအနေနဲ့ တစ်နေ့မှာ အခွင့်အလမ်းအကြီးကြီးတစ် ရပ်ကို ပိုင်ဆိုင်စေလိုပါတယ်။ကျွန်တော်ကတော့သူ့ကို အကောင်းဆုံး ကူညီပေးသွားမှာပါ။ကျွန်တော်တို့ ၂ နှစ်ယောက်တွေ့ဆုံခဲ့ချိန်ကသူ တက္က သိုလ်တက်နေချိန်ပဲ ရှိပါသေးတယ်။သူအသက် ၁၈ နှစ်အရွယ်ကတည်းကကျွန်တော်တို့ အလုပ်အတူ လုပ်ခဲ့ကြတာပါ။သူကကျွန်တော့်လက် ထောက်ထက် အများကြီးပိုမို အဓိပ္ပာယ်ရှိတဲ့ သူငယ်ချင်းပါ။သူကျွန်တော့်ကို စွန့်ခွာဖို့ အကြောင်းဖန်လာချိန်မှာလည်း ကျွန်တော် ပျော်ရွှင်နေမှာ ပါပဲ။" လို့ ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်း နည်းပြဖြစ်ဖို့အတွက် လီဗာပူးအသင်း လက်ထောက်နည်းပြ အပါအ၀င် ကစားသမားဟောင်းဖြစ်တဲ့ အာတီတာ၊ဗီရဲယာ၊ ဘာစီလိုနာ နည်းပြဟောင်း အင်းနရစ်နဲ့ ဂျူဗင်တပ် နည်းပြ အယ်လီဂရီနီတို့ကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

Source- BBCSPORTS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD