AD
AD
AD

ဘရိုက်တန်ကတော့ အိမ်ကွင်းမှာ မန်ယူကို အနိုင်ယူပြီး တန်းဆင်းရမယ့် အန္တရာယ်ကလွတ်ကင်းသွားခဲ့ကာ ပရီးမီးယားလိဂ်မှာ တင်ကျန်နေခဲ့ပြီ ဖြစ်ပါတယ်။ အိမ်ကွင်းမှာ အခက်ခဲဆုံး ပွဲတစ်ပွဲကို ဘရိုက်တန်က အနိုင်ကစားနိုင်ခဲ့တာ ဖြစ်ပြီးတော့ သူတို့ရဲ့ ရုန်းကန်နိုင်မှုနဲ့ သူတို့ရဲ့ အဓိကအလုပ်ကို အကောင်းဆုံး လုပ်သွားနိုင်ခဲ့တယ်လို့ ပြောရမှာလည်း ဖြစ်ပါတယ်။

play

 

မန်ယူကတော့ အာဆင်နယ်ကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်က ပွဲထွက်စာရင်းမှာ ကစားသမား (၆) နေရာအထိ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး လူကာကူကတော့ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ပဲ ဆန်းချက်ဇ်ကိုလည်း အရန်စာရင်းထဲမှာတောင် မထည့်ခဲ့ပါဘူး။ ရက်ဖို့ဒ် နဲ့ မာရှယ်တို့ အတွဲကို ရှေ့တန်းမှာ အထောင်တိုက်စစ်မှူးအဖြစ် မော်ရင်ဟိုက ထားကစားခဲ့ပြီး ကွင်းလယ်မှာတော့ ပေါ့ဂ်ဘာ၊ မာတစ် တို့ကို ဖယ်လိုင်နီနဲ့ တွဲဖက်ပေးခဲ့ပါတယ်။

play

 

မန်ယူကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ကို သေချာပေါက်ရရှိသွားပြီဖြစ်တာကြောင့် ပွဲကို အေးအေးဆေးဆေး ကစားနေခဲ့ပြီး နိုင်လိုစိတ်ပြင်းပြမှုမှာ ဘရိုက်တန်ကစားသမားတွေလောက် မပြင်းပြင်ခဲ့တာ ထင်ရှားခဲ့ပါတယ်။ ဘရိုက်တန်ကတော့ တန်းဆင်းအန္တရာယ်ကနေ လွတ်ကင်းဖို့နဲ့ စိတ်ချရဖို့အတွက် အိမ်ကွင်းမှာ ခက်ခဲတဲ့ပြိုင်ဘက်အသင်းတစ်သင်းဆီ ရနိုင်သရွေ့အမှတ်ရယူဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

play

 

ဘရိုက်တန်ရဲ့ ရုန်းကန်မှုအားနဲ့ စိတ်ပိုင်းဆိုင်ရာက အလုပ်ဖြစ်ခဲ့ပြီးတော့ မန်ယူလိုအသင်းဆီက အမှတ်ပြည့်ရယူနိုင်ခဲ့ပါတယ်။ အိမ်ကွင်းမှာ မန်ယူကို တန်ပြန်တိုက်စစ်တွေနဲ့ ဒုက္ခပေးနိုင်ခဲ့ပြီးတော့ ခံစစ်ပိုင်းက အမှားအယွင်းမရှိခဲ့သလို ဂိုးသမားရွိုင်ယန်ကလည်း လက်စွမ်းပြခဲ့ တာကြောင့် အိမ်ကွင်းမှာ ထိုက်တန်တဲ့ နိုင်ပွဲတစ်ပွဲကို ရယူပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

play

 

ဘရိုက်တန်အတွက် အနိုင်ဂိုးကိုတော့ ပွဲချိန် (၅၇) မိနစ်မှာ ပက်စ်ကယ်ဂရော့စ်က ဂိုးဧရိယာအတွင်း ရှုပ်ယှက်ခတ်ပြီး ပြန်ကျလာတဲ့ ဘောလုံးကို အပိုင်ကန်သွင်းခဲ့တာဖြစ်ပါတယ်။ မန်ယူနောက်ခံလူ ရိုဟို ကန်ထုတ်နိုင်ခဲ့ပေမယ့် ဘောလုံးက ဂိုးစည်းကျော်သွားခဲ့တာမို့ ဘရိုက်တန် အဖိုးတန်သွင်းဂိုး ရရှိခဲ့ပြီး လက်ကျန်မိနစ်တွေမှာ အနိုင်ဂိုးကို အမှားအယွင်းမရှိ ထိန်းသိမ်းနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ဆက်လက်ရှိနေဖို့ သေချာသွားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD