AD
AD
AD

ပရီးမီးယားလိဂ်ပြိုင်ပွဲရှည်ကြီး ပြီးဆုံးဖို့ကတော့ (၂)ပွဲသာ ကျန်ရှိပါတော့တယ်။ တချို့အသင်းတွေကတော့ (၃)ပွဲ ကျန်ရှိနေသေးပြီး ချန်ပီယံ၊ ဥရောပ၀င်ခွင့်တွေအတွက်လည်း အဖြေထွက်သလောက် နီးပါးရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တန်းဆင်းရမယ့်အသင်းတွေ အဖြစ်တော့ လက်ကျန် (၂)ပွဲသာ လိုတော့တဲ့အထိ အတိအကျအဖြေမထွက်သေးတာဟာ အံ့အားသင့်ဖွယ် ဖြစ်လာခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ ဆွဲဆောင်မှု တစ်ခုလို့လည်း ပြောလို့ရပါတယ်။ ဒါကြောင့်မို့လို့ လက်ကျန်ပွဲစဉ်တွေမှာ ဘယ်လိုရလာဒ်တွေ ထွက်ပေါ်ပြီးတော့ ဘယ်အသင်းတွေ တန်းဆင်းသွားရမလဲဆိုတာကို အနီးစပ်ဆုံး ခန့်မှန်းသုံးသပ်ကြည့်မယ်ဆိုရင်တော့..

 

၁။ ၀က်စ်ဟမ်း - (၃၅) မှတ်

play

 

ဝက်စ်ဟမ်းအသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ အသင်းကို ထူးထူးခြားခြား ပြင်ဆင်မှုတွေပြုလုပ်ခဲ့ပြီးတော့ ဥရောပ၀င်ခွင့်အထိ မျှော်လင်ခဲ့တာပါ။ ဒါပေမယ့် ဒီအချိန်မှာ ဒါတွေက ဟာသဖြစ်နေခဲ့ပြီးတော့ တန်းမဆင်းရဖို့အတွက် ကျားကုတ်ကျားခဲကြိုးစားနေရတဲ့ ၀က်စ်ဟမ်းကို မြင်တွေ့ရမှာဖြစ်ပါတယ်။ လန်ဒန်အခြေစိုက်ကလပ်ဟာ နည်းပြအပြောင်းအလဲတွေလည်း ပြုလုပ်ခဲ့ရပြီးတော့ ရုန်းကန်နေခဲ့ရပါတယ်။ လက်ကျန်ပွဲတွေအဖြစ် အဝေးကွင်းမှာ လက်စတာ၊ အိမ်ကွင်းမှာ မန်ယူ နဲ့ အဲဗာတန်တို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ၀က်စ်ဟမ်းအနေနဲ့ လက်ကျန် (၃)ပွဲမှာ တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး ရလာဒ်ထွက်ပေါ်နိုင်ပြီး ရမှတ် (၃၉) မှတ်နဲ့ ပရီးမီးယားလိဂ်မှာ တင်ကျန်နေခဲ့မယ်လို့ ယူဆရပါတယ်။

 

၂။ ဟတ်ဒါဖီးဖ်တောင်း - ၃၅ မှတ်

play

 

ပရီးမီးယားလိဂ်ဟာ ထင်သလောက်မလွယ်ကူဘူးဆိုတာကို ဟတ်ဒါဖီးဖ်အသင်း ခံစားနေရပြီ ဖြစ်ပါတယ်။ လက်ကျန်ပွဲစဉ်တွေဟာ ဟတ်ဒါဖီးဖ်ရဲ့ လက်ကျန်ပွဲတွေကို ကြည့်မယ်ဆိုရင် စံချိန်အသစ်တွေ ရယူဖို့ ကြိုးစားမယ့် မန်စီးတီး၊ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရုန်းကန် နေရတဲ့ ချယ်လ်ဆီး၊ ဂုဏ်သိက္ခာဆည်ရမယ့် အာဆင်နယ်တို့နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဟတ်ဒါဖီးဖ်အတွက်တော့ ငရဲတွင်းထဲခုန်ဆင်းရသလို ခံစားရမှာ ဖြစ်ပြီးတော့ လက်ရှိရမှတ်အတိုင်း၊ ဂိုးကွာခြားချက်ကြောင့် တန်းဆင်းသွားရမယ့် အသင်းအဖြစ် ခန့်မှန်းရပါတယ်။

 

၃။ ဆွမ်ဆီး - ၃၃ မှတ်

play

 

ကာဗာဟယ်စ်ရဲ့ လက်အောက်မှာတော့ ဆွမ်ဆီးဟာ နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်နေခဲ့ရပါတယ်။ ဒီရာသီမှာတော့ ငန်းဖြူတို့အတွက် ရိုလာကိုစတာ စီးနေခဲ့ရသလို ဖြစ်ပြီး အသင်းရဲ့ ခြေစွမ်းဟာ ကျတခါ၊ မြောက်တလှည့် ဖြစ်နေခဲ့ပါတယ်။ ဆွမ်ဆီးရဲ့ လက်ကျန်ပွဲတွေကလည်း ဘ၀တူအသင်းတွေဖြစ်တဲ့ ဆောက်သမ်တန်၊ စတုတ်တို့နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီးတော့ အမှတ်မလိုလောက်တဲ့ ဘုန်းမောက်နဲ့ပွဲတစ်ပွဲပဲ ချောင်လည်မှု ရှိမှာပါ။ ဒါပေမယ့် ဆွမ်ဆီးရဲ့ လက်ရှိခြေစွမ်းအရသူတို့ဟာ လက်ကျန် (၃)ပွဲမှာ (၄)မှတ်ခန့် ရယူနိုင်မယ်လို့ ထင်ရပြီးတော့ စုစုပေါင်း ရမှတ် (၃၇) မှတ်နဲ့ ပရီးမီးယားလိဂ်မှာ ဝေးလ်ကလပ်အသင်းတစ်သင်း ဆက်ရှိနေဖွယ် ရှိပါတယ်။

 

၎။ ဆောက်သမ်တန် - ၃၂ မှတ်

play

 

ဆောက်သမ်တန်လိုအသင်းအတွက် တန်းဆင်းဇုန်ထဲမှာ ရောက်နေပြီး ရုန်းကန်နေရတာဟာ အံ့အားသင့်စရာဖြစ်ပါတယ်။ စိန့်မေရီကွင်းထဲက သူတော်စင်တွေဟာ ပျာယာခတ်နေခဲ့ရတဲ့ အချိန်တွေကို ရင်ဆိုင်နေရပြီးတော့ မာ့ခ်ဟုခ်ျလက်ထက်မှာမှ အနည်းငယ်တည်ငြိမ်မှု ပြန်ရခဲ့တာ ဖြစ်ပါတယ်။ အဲဗာတန်၊ ဆွမ်ဆီး၊ မန်စီးတီးတို့နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီးတော့ ဆွမ်ဆီးနဲ့ပွဲဟာ ဆောက်သမ်တန်အတွက် သေရေးရှင်ရေး ဖြစ်လာဖွယ်ရှိနေပါတယ်။ အဲဒီပွဲစဉ်ကိုပဲ ဆောက်သမ်တန်အနိုင်ရဖွယ်ရှိနေပြီးတော့ ရမှတ် ၃၅မှတ်၊ ဂိုးကွာခြားချက်ကြောင့် တန်းဆင်းဇုန်က လွတ်မြောက်နီုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။

 

၅။ စတုတ်စီးတီး - ၃၀ မှတ်

play

 

ပေါလ်လမ်းဘတ်ရဲ့ စတုတ်စီးတီးကတော့ လက်ကျန် (၂) ပွဲသာ ကစားရတော့မှာဖြစ်ပြီး (၂)ပွဲစလုံးဟာ တန်းဆင်းဇုန်က ရုန်းထွက်ရမယ့် ဘ၀တူပြိုင်ဘက် ပဲလေ့စ် နဲ့ ဆွမ်ဆီးတို့ ဖြစ်ပါတယ်။ ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားပြီး မာကျောတဲ့ ကစားဟန်နဲ့ စတုတ်ဟာ ပရီးမီးယားလိဂ်မှာ ကျင်လည်ရမယ့် နေ့စွဲတွေ ကုန်ခမ်းစပြုလာခဲ့ပါပြီ။ လက်ကျန် (၂) ပွဲစလုံးကို အနိုင်ရဖို့ မလွယ်ကူပဲ (၂)မှတ်သာ ရမယ်လို့ ခန့်မှန်းရပြီးတော့ ရမှတ် (၃၂) မှတ်ကို ရင်ဝယ်ပိုက်ပြီးတော့ တန်းဆင်းသွားရဖွယ် ရှိနေခဲ့ပါတယ်။

 

၆။ ၀က်စ်ဘရွန်း - ၂၈ မှတ်

play

 

အသက် (၄၈) နှစ်အရွယ် ဒါရင်းမိုးရဲ့ အသင်းဟာ သေခါနီးမီးခွက် ထတောက်နေသလိုဖြစ်ခဲ့ပါတယ်။ မန်ယူလိုအသင်းကိုအနိုင်ရခဲ့ပြီးတော့ လီဗာပူးလ်ကို သရေကစားနိုင်ခဲ့ပြီး တန်းမဆင်းရရေးမျှော်လင့်ချက်ကို နောက်ဆုံးအချိန်ထိ အသက်သွင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ ပိုင်ဆိုင်ထားတဲ့ ရမှတ်တွေအရတော့ ၀က်ဘရွန်းစ်ဟာ တန်းဆင်းသွားရဖို့ ဖြစ်နိုင်ချေ အများဆုံးအသင်းဖြစ်ပြီး သရေတစ်ပွဲကျတာနဲ့ တန်းဆင်းသွားရတော့မှာ ဖြစ်ပါတယ်။ စပါး၊ ပဲလေ့စ်တို့နဲ့ ကစားရမှာဖြစ်ပြီးတော့ (၃) မှတ်သာ ရရှိမယ်လို့ ထင်မြင်ရပြီး ရမှတ် ၃၁မှတ်နဲ့ ချန်ပီယံရှစ်ကို ခုန်ချဖို့ ၀က်ဘရွန်းစ်တို့ အသင့်အနေအထားမှာ ရှိနေခဲ့ပြီလို့ သုံးသပ်ရပါတယ်။

Source : 90mins

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD