AD
AD
AD

အဆင့် ၂၀ နေရာမှာ ရပ်တည်နေပြီး တန်းမဆင်းရရေး လက်ကျန်ပွဲစဉ် အကုန်လုံးကို အနိုင်ရဖို့ လိုသလို ပြိုင်ဖက် တန်းကျန်ရေး ကြိုးပမ်းနေတဲ့ ဆွမ်ဆီးအသင်းပါ ရှုံးဖို့လိုနေတဲ့ ၀က်စ်ဘရွန်းအသင်းကတော့ ကိုယ်တိုင်လည်း အားစိုက်မှု ကောင်းနေသလို ကံကြမ္မာကလည်း ဖေးမလျက်ရှိနေ တာကို မြင်တွေ့ရပါတယ်။

play

 

ယနေ့မှာ ကစားခဲ့ရတဲ့ စပါးအသင်းနဲ့ ပွဲစဉ်ဟာ ၀က်စ်ဘရွန်းအတွက် ခက်ခဲခဲ့ပြီး ရမှတ်ရရှိဖို့ အစွမ်းကုန်ကြိုးစားခဲ့လို့သာ ယခုလို အနိုင်ရလဒ် ရ ရှိခဲ့တာလည်း ဖြစ်ပါတယ်။

play

 

စပါးအသင်းကလည်း ချန်ပီယံလိဂ်ဝင်ခွင့်သေချာစေရေးအတွက် ၀က်စ်ဘရွန်းအသင်းကို အကောင်းဆုံး လူစာရင်းဖြင့် ယှဉ်ပြိုင်ကစားခဲ့ပေမယ့် လည်း လီဗာမိုးရဲ့ နောက်ကျဂိုးကြောင့် ထင်သလို မဖြစ်လာခဲ့ပေ။

ဝက်စ်ဘရွန်းအသင်းအတွက်ကတော့ ယခုလို အနိုင်ရခဲ့တာကြောင့် တန်းကျန်ရေး မျှော်လင့်ချက် ထပ်မံ ရှင်သန်နိုင်နေဆဲပင် ဖြစ်ပြီး ပြိုင်ဖက် ဆွမ်ဆီးအသင်းကလည်း ဘုန်းမောက်အသင်းကို အရေးနိမ့်ခဲ့လို့ မျှော်လင့်ချက် ပိုမိုအားကောင်းနေခဲ့ပြီလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ပွဲစဉ် ၃၇ ပွဲကစားအပြီး ရမှတ် ၃၁ မှတ်ရရှိထားပြီ ဖြစ်ကာ အဆင့် ၁၇ နေရာက ဆွမ်ဆီးအသင်းကတော့ ၃၆ ပွဲ ကစားအပြီး ရမှတ် ၃၃ မှတ်သာ ရရှိထားတာကြောင့် လက်ကျန် ၂ ပွဲမှာ ဆွမ်ဆီးအသင်းအတွက်လည်း အရေးပါနေသလို ၀က်စ်ဘရွန်းအသင်း အတွက် လည်း အရေးပါနေတာ ဖြစ်ပါတယ်။

ဝက်စ်ဘရွန်းအသင်းကတော့ လက်ကျန်တစ်ပွဲမှာ အနိုင်ရဖို့ လိုနေသေးတဲ့အပြင် ဆွမ်ဆီးအသင်း ရမှတ်တွေ ဆုံးရှုံးဖို့လည်း လိုအပ်နေသေးတာ လည်း ဖြစ်ပါတယ်။

အခြားသော ပွဲစဉ်တွေမှာတော့ ၀က်စ်ဟမ်းအသင်းက လက်စတာအသင်းကို ၂-၀ ဂိုးနဲ့လည်းကောင်း၊၀က်ဖို့ဒ်အသင်းက နယူးကာဆယ်အသင်း ကို ၂-၁ ဂိုးနဲ့လည်းကောင်း အသီးသီး အနိုင်ရခဲ့ပါတယ်။

မြန်မာစံတော်ချိန် ည ၁၁ နာရီမှာတော့ အဲဗာတန်အသင်းနဲ့ ဆောက်သမ်တန်အသင်းတို့ ဆက်လက်ကစားမှာ ဖြစ်ပြီး တန်းဆင်းဇုန်က လွတ် မြောက်နိုင်ဖို့ဆိုရင် ဆောက်သမ်တန်အသင်းအတွက် အနိုင်ရလဒ်ရရှိဖို့ လိုအပ်နေပါတယ်။

Source- BBC SPORTS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD