AD
AD
AD

မန်ယူအသင်းကို ဆန်းချက်ရောက်ရှိလာပြီးနောက် အသင်းနဲ့ ပွဲထွက်ခွင့်ပျောက်ဆုံးနေခဲ့ရတဲ့ပြင်သစ်လက်ရွေးစင် အန်တိုနီမာရှယ်အနေနဲ့ ရာသီ အကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

play

အဆိုပါ သတင်းတွေနဲ့ ပတ်သက်ပြီး နည်းပြ မော်ရင်ဟိုက ယခုအခါမှာတော့ အတည်ပြုခဲ့ပြီ ဖြစ်ပြီး လာမယ့် နွေရာသီဈေးကွက်မှာ မာရှယ်ကို အသင်းပြောင်းခွင့်ပြုသွားတော့မယ်လို့ အတည်ပြု ပြောခဲ့ပြီလည်း ဖြစ်ပါတယ်။

play

 

အသက် ၂၂ နှစ်အရွယ်သာရှိသေးတဲ့ အဆိုပါ တိုက်စစ်မှူး မာရှယ်အနေနဲ့ မန်ယူအသင်းမှာ အနာဂတ် မသေချာတော့ဘူးလို့ ခံစားလာရတယ်လို့ ၎င်းရဲ့ အေးဂျင့်ဖြစ်သူက ထုတ်ဖော်ပြောလာခဲ့ပြီး မာရှယ် လာမယ့်နှစ်မန်ယူမှာ ဆက်ရှိမလားဆိုတဲ့ မေးခွန်းတွေအပေါ်မှာလည်း ငြင်းဆန်ခဲ့တာ တွေရှိနေခဲ့ပါတယ်။

လက်ရှိမှာတော့ မာရှယ်ကို မန်ယူအသင်းက ရောင်းထုတ်တော့မှာ ဖြစ်ပြီး အီတလီ စီးရီးအေ ကလပ် ဂျူဗင်တပ်အသင်းက ခေါ်ယူချင်နေတယ် လို့လည်း သိရပါတယ်။

မာရှယ်မှာ ၂၀၁၅ ခုနှစ်က မန်ယူအသင်းကို နည်းပြ ဗန်ဟား ကိုင်တွယ်စဉ်က ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းနဲ့ရာသီအစမှာ လှပတဲ့သွင်းဂိုး အချို့ သွင်းယူနိုင်ခဲ့မှုနဲ့အတူ နာမည်ရလာတဲ့ လူငယ်ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

နည်းပြ မော်ရင်ဟို လက်ထက်မှာလည်း ပွဲထွက်ခွင့် ဆက်လက်ရခဲ့နေရာမှ ပြီး ခဲ့တဲ့ ဇန်န၀ါရီလမှာ ဆန်းချက် ရောက်ရှိလာခဲ့ချိန်ကနေ စတင်ပြီး ပွဲထွက်ခွင့်စတင်ပျောက်ဆုံးလာခဲ့တာလည်း ဖြစ်ပါတယ်။

မာရှယ်ဟာ မန်ယူအသင်းအတွက် ၈၆ ပွဲကစားပေးထားပြီး ၂၄ ဂိုးအထိသွင်းယူပေးထားနိုင်တဲ့လူငယ်တိုက်စစ်မှူး တစ်ဦးလည်း ဖြစ်ပါတယ်။

Source- Sportskeeda

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD