AD
AD
AD

ဦးနှောက်တွင်း သွေးယိုစီးမှုကြောင့် အရေးပေါ်ခွဲစိတ်ကုသမှု ခံယူခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြဟောင်းကြီး ဆာအဲလက်စ်ဖာဂူဆန်ဟာ အခုဆိုရင် ကျန်းမာရေးတိုးတက်ကောင်းမွန်မှုများ ရှိလာပြီလို့ သိရှိရပါတယ်။ ဗြိတိန်ဘောလုံးလောကရဲ့ အအောင်မြင်ဆုံး နည်းပြကြီးဟာ ရုတ်တရက်ကျန်းမာရေးချို့ယွင်းပြီးတော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ဖြစ်ပွားခဲ့တာလို့လည်း သိရပါတယ်။

play

 

ဒါပေမယ့်လည်း အခုဆိုရင် ဆာအဲလက်စ်ဟာ မိသားစုနဲ့အတူ စကားပြောဆိုနိုင်ပြီးတော့ ထိုင်နိုင်တဲ့အနေအထားအထိ ရောက်ရှိလာပြီလို့ သိရပါတယ်။ Salford Royal ဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူနေခဲ့ရတဲ့ ဖာဂူဆန်ဟာ တနင်္လာနေ့က မိသားစုနဲ့အတူ စကားပြောဆိုမှုတွေ ပြုလုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ခွဲစိတ်ကုသမှုရလာဒ်ဟာ အလွန်ကောင်းမွန်ပြီးတော့ အသက် (၇၆) နှစ်အရွယ် နည်းပြကြီးဟာ ပြန်လည်သက်သာလာပြီလည်း ဖြစ်ပါတယ်။

play

 

ဆရာဝန်များရဲ့ ပြောကြားချက်အရတော့ ဆာအဲလက်စ်အနေနဲ့ နဂိုမူလအတိုင်းပြန်လည်ဖြစ်လာဖို့ ဖြည်းဖြည်းချင်းအချိန်ယူရမှာဖြစ်ပြီးတော့ နေအိမ်ကို မပြန်ရသေးပဲ ဆေးရုံမှာပဲ ဆက်လက်နေရဦးမယ်လို့ သိရပါတယ်။ ဆာအဲလက်စ်ရဲ့ ဦးနှောက်သွေးကြောတွေဟာ ကောင်းကောင်း လည်ပတ်နေနိုင်ပြီဖြစ်ပြီးတော့ အရင်ကထက်စာရင် ပိုပြီးတော့ တိုးတက်ကောင်းမွန်တဲ့ လက္ခဏာတွေ ပြသနေတယ်လို့ ဆေးရုံမှ တာဝန်ရှိသူ ဆရာဝန်များရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။

play

 

ဆာအဲလက်စ်ဖာဂူဆန်အတွက် ဘောလုံးလောကအတွင်းမှ နာမည်ကျော်ကစားသမားများ၊ နည်းပြများနဲ့ အခြားသက်ဆိုင်သူ အများအပြားက ဆုတောင်းမေတ္တာပို့သခဲ့ကြပြီးတော့ ဘယ်တော့မှ အရှုံးမပေးတတ်တဲ့ စကော့အဖိုးအိုကြီးဟာ ဒီတစ်ကြိမ်မှာလည်း ပြန်လည်ပြီးတော့ သေမင်းရဲ့ ခံတွင်းဝကနေ လွတ်မြောက်လာလိမ့်မယ်လို့လည်း ယုံကြည်နေခဲ့ကြပါတယ်။

play

 

နောက်ဆုံးရရှိထားတဲ့ သတင်းများအရတော့ ဖာဂူဆန်ရဲ့ ကျန်းမာရေးအခြေအနေဟာ တိုးတက်ကောင်းမွန်မှုများ ရှိလာခဲ့ပြီးတော့ အချိန်အနည်းငယ်ကြာ ဆေးရုံမှာ ဆက်လက်နေရဦးမှာ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြရာထူးမှနေ အနားယူခဲ့ပြီးတော့ ဘောလုံးလောကကို စွန့်ခွာခဲ့တဲ့ ဖာဂူဆန်ဟာ နည်းပြဘ၀မှာ ဆုဖလားပေါင်း (၃၈) လုံးကို နှစ်ပေါင်း (၂၆)နှစ်တာကာလအတွင်း ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

Source : DailyMail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD