AD
AD
AD

၂၀၁၇-၁၈ ပရီးမီးယားလိဂ်ဘောလုံးရာသီရဲ့ နောက်ဆုံးပွဲစဉ်တွေကို ဒီကနေ့ ည မြန်မာစံတော်ချိန် ၈ နာရီခွဲအချိန်မှာ တစ်ပြိုက်နက်တည်း ယှဉ် ပြိုင်ကစားခဲ့ရာမှာတော့ အာဆင်နယ်အသင်းက ဟက်ဒါဖီးလ်အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

play

 

အာဆင်နယ်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ တိုက်စစ်မှူး အူဘာမီယန်းက ပွဲကစားချိန် ၃၈ မိနစ်မှာပင် ကွင်းလယ်လူ ရမ်ဆေးရဲ့ ဖန်တီးပေးမှု မှတဆင့် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

play

 

အာဆင်နယ်အသင်းအတွက် ယခုနိုင်ပွဲက အဆင့်ရပ်တည်မှုအတွက် အရေးမပါတော့ပေမယ့် နည်းပြကြီး အာစင်ဝင်းဂါးနဲ့ အသင်းရဲ့ ဂုဏ်သိက္ခာ အတွက် လူစုံထုတ်ကာ အနိုင်ရရှိအောင် ကစားခဲ့တာလည်း တွေ့မြင်ရပါတယ်။

အထူးသဖြင့် ယခုပွဲစဉ်အပြီးမှာ အသင်းနဲ့လမ်းခွဲမှာ ဖြစ်တဲ့ အာစင်ဝင်းဂါးအတွက်တော့ အသင်းကို နိုင်ပွဲနဲ့အတူ နှုတ်ဆက်နိုင်ခဲ့တယ်လို့ ဆိုရမှာ လည်း ဖြစ်ပါတယ်။

ယခုပွဲစဉ်မှာ အာဆင်နယ်ပရိသတ်များက ၂၂ နှစ်တာ အသင်းကို တာဝန်ယူခဲ့တဲ့ အာစင်ဝင်းဂါးကို ဂုဏ်ပြုနှုတ်ဆက်ခဲ့ကြတာကိုလည်း တွေ့မြင် ရပါတယ်။

၁၉၉၆ ခုနှစ်က စတင်ပြီး အာဆင်နယ်အသင်းကို တာဝန်ယူကိုင်တွယ်လာခဲ့တာ နှစ်ပေါင်း ၂၂ နှစ်ကြာမြင်ခဲ့အပြီးမှာတော့ အသင်းနဲ့အတူ လမ်း ခွဲဖို့ ဖြစ်လာခဲ့တဲ့ အာစင်ဝင်းဂါးဟာ အာဆင်နယ်အသင်းနဲ့အတူ ကမ္ဘာမှာ ဘောလုံးပရိသတ်တွေအတွက် ပြောစမှတ်ဖြစ် ကျန်ရစ်ခဲ့ရတောာ့မှာ ဖြစ်ပါတယ်။

အာစင်ဝင်းဂါးအရင် မန်ယူနည်းပြကြီး ဖာဂူဆန် မန်ယူအသင်းကို ၂၆ နှစ်ကြာ တာဝန်ယူကိုင်တွယ်အပြီး ၂၀၁၃ ခုနှစ်မှာ နည်းပြဘ၀က အနား ယူခဲ့တဲ့အတွက် ကမ္ဘာ့ဘောလုံးပရိသတ်တွေအကြား ဖာဂူဆန်ဟာ လွမ်းစရာဖြစ်ခဲ့ရပါတယ်။

အာစင်ဝင်းဂါးအနေနဲ့ကတော့ နည်းပြဘ၀က အနားယူဖို့ ကြေညာထားခြင်းမရှိသေးသလို အနာဂတ် အစီအစဉ်ကိုလည်း မဆုံးဖြတ်ရသေးဘူး လို့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဖြေကြားထားတာကြောင့် အာစင်ဝင်းဂါးကို ဘောလုံးလောကမှာ တစ်ဖန်ပြန်လည်တွေ့မြင်နိုင်ပါ့အုံးမလား ဆိုတဲ့ အတွေးတွေနဲ့အတူ ဘယ်အသင်းနဲ့အတူ ဘောလုံးလောကထဲ ပြန်လာမလဲဆိုတာကလည်း အာဆင်နယ်ပရိသတ်တွေအပြင် ကမ္ဘာ့ ဘောလုံး ပရိသတ်တွေအတွက်တော့ တွေးစရာတွေဖြစ်နေခဲ့ရပြီလည်း ဖြစ်ပါတယ်။

အာစင်ဝင်းဂါးအနေနဲ့ ယခုနှစ်ဘောလုံးရာသီမှာ အသင်းနဲ့အတူ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပေမယ့်လည်း ဆီမီးဖိုင်နယ်အဆင့် မှာ အက်သလက်တီကိုကို ရှုံးနိမ့်ပြီး ထွက်ခဲ့ရသလို လာမယ့်နှစ်မှာလည်း ပရီးမီးယားလိဂ် အဆင့် ရပ်တည်မှု ၆ မှာသာ ရပ်တည်နိုင်ခဲ့တာကြောင့် ယခုနှစ်မှာ ဝေးခဲ့ရတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့တော့ ထပ်မံ ဝေးရအုံးမှာ ဖြစ်ပြီး ယူရိုပါလိဂ် ၀င်ခွင့်သာ ထပ်မံရခဲ့ပြန်ပါတယ်။

အာစင်ဝင်းဂါးဟာ အာဆင်နယ် နည်းပြဘ၀ ပရီးမီးယားလိဂ် ဖလား ၃ ကြိမ်၊ အက်ဖ်အေဖလား ၇ ကြိမ်နဲ့ အခြား ဆုဖလားပေါင်းများစွာကို ရရှိ ထားခဲ့ပါတယ်။

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD