AD
AD
AD

ချန်ပီယံလိဂ် ၀င်ခွင့်သေချာစေဖို့အတွက် ယခုပွဲစဉ်မှာ မဖြစ်မနေ ရမှတ်ရယူထားနိုင်ဖို့ လိုအပ်နေတဲ့ လီဗာပူးအသင်းအနေနဲ့ အကောင်းဆုံး ရလဒ်တစ်ခုကို စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။

play

 

တိုက်စစ်မှူး ဆာလာရဲ့ အဖွင့်ဂိုးနဲ့အတူ ပွဲအပြီးမှာ ၄-၀ ဂိုးနဲ့ ဘရိုက်တန်အသင်းကို အနိုင်ယူကာ ထိုက်ထိုက်တန်တန်ပဲ ချန်ပီယံလိဂ် ၀င်ခွင့်ကို ဆုပ်ကိုင်ထားနိုင်ခဲ့ပါတယ်။

play

 

ဒါ့အပြင် အသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့တဲ့ ဆာလာဟာလည်း ပရီးမီးယားလိဂ် သွင်းဂိုးစံချိန်တစ်ခုကို ရိုက်ချိုးပြနိုင်ခဲ့ပါတယ်။

play

 

ဆာလာအနေနဲ့ ပွဲကစားချိန် ၂၆ မိနစ်မှာ ပထမဆုံးရရှိခဲ့တဲ့ ဂိုးကန်သွင်းခွင့်ကနေ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာ ဖြစ်ပြီး ဒီဂိုးကြောင့်လည်း ယခုနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ သွင်းဂိုး ၃၂ ဂိုးနဲ့ ဂိုးအများဆုံးသွင်းယူနိုင်သူ ဖြစ်ခဲ့ပါတယ်။

ဒါတင်မကသေးပဲ ၁၉၅၅-၅၆ ခုနှစ်က ရှီးယား၊ ၂၀၀၈-၀၉ ခုနှစ်က ရော်နယ်ဒို နဲ့ ၂၀၁၃-၁၄ ခုနှစ်က ဆွာရက်ဇ်တို့ တင်ရှိခဲ့တဲ့ တစ်ရာသီအတွင်း လိဂ်သွင်းဂိုးအများဆုံး ၃၁ ဂိုး စံချိန်ကို ၃၂ ဂိုးနဲ့ ကျော်ဖြတ်ပြခဲ့တာလည်း ဖြစ်ပါတယ်။

ဆာလာရဲ့ သွင်းဂိုးအပြီးမှာတော့ စံချိန်ဟောင်းရှင် ရှီးယားက ချက်ခြင်းဆိုသလိုပဲ ၎င်းရဲ့လူမှုကွန်ရက်မှတဆင့် -" ဂုဏ်ယူပါတယ် ဆာလာရေ၊ သွင်းဂိုးစံချိန်သစ်အတွက် ငါလည်းပဲ မင်းနဲ့ထပ်တူ ပျော်ရွှင်ပါတယ်။" လို့ ရေးသားဖော်ပြခဲ့ပါတယ်။

လီဗာပူးအသင်းအနေနဲ့ လာမယ့် မေလ ၂၇ ရက်နေ့မှာတော့ စပိန်ကလပ် ရီးရဲမက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ထပ်မံ ကစားရဖို့ ရှိနေ ပြီး ၁၁ နှစ်ကြာဝေးကွာခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ လီဗာပူးအသင်းနဲ့အတူ ဆာလာ ထပ်မံ မှတ်ကျောက်တင်နိုင်အုံးမလား ဆိုတာ စိတ်ဝင် စားဖွယ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD