AD
AD
AD

ပရီးမီးယားလိဂ် နောက်ဆုံးပွဲ မကစားမီ စတုတ်စီးတီးနဲ့ ၀က်စ်ဘရွန်းတို့ တန်းဆင်းဖို့ သေချာခဲ့ပေမယ့် ဆွမ်ဆီးအသင်းကတော့ မျှော်လင့်ချက် ငွေ့ငွေ့ရှိနေသေးတာကြောင့် သင်္ချာနည်းအရ တန်းဆင်းပြီလို့ တပ်အပ်ပြောလို့ မရခဲ့ပါဘူး။

play

 

ပွဲစဉ် ၃၈ မှာတော့ ဆွမ်ဆီးအနေနဲ့ စတုတ်နဲ့ တွေ့ခဲ့ပြီး စတုတ်စီးတီးအသင်းက တန်းဆင်းခဲ့ရပြီ ဖြစ်ပေမယ့်လည်း ဂုဏ်သိက္ခာပိုင်းအရ ဆွမ်ဆီး အသင်းကို အကောင်းဆုံး တုံ့ပြန်ကစားခဲ့တာကြောင့်ပွဲအပြီးမှာ ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

play

 

ဆွမ်ဆီးအသင်းအနေနဲ့ စတုတ်ကို ရနိုင်သလောက် ဂိုးများများသွင်းဖို့လိုသလို တစ်ဖက်မှာလည်း ဆောက်သမ်တန်အသင်းက မန်စီးတီးကို ဂိုးပြတ်နိုင်သလောက်ပြတ်ပြီး ရှုံးဖို့ လိုအပ်နေတာဖြစ်တာကြောင့် မျှော်လင့်ချက်ကျန်သေးပေမယ့်လည်း အတော်လေး အားနည်းနေတဲ့ အပိုင်း မှာရှိနေခဲ့တာ ဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းအနေနဲ့လည်း မန်စီးတီးအသင်းကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့လို့ ရမှတ်ဆုံးရှုံးခဲ့ပေမယ့်လည်း အဆင့် ၁၇ နေရာမှာ ရမှတ် ၃၆ မှတ်နဲ့ တန်းတင် ကျန်ရစ်ခဲ့ပါတယ်။

်ဆွမ်ဆီးအသင်းအနေနဲ့ ၂၀၁၁ ခုနှစ်က ပရီးမီးယားလိဂ်ကို တန်းတက်လာခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှာ ၇ နှစ်တာ ကျင်လည်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ယခုအခါမှာတော့ စတုတ်စီးတီး ၊ ၀က်စ်ဘရွန်းအသငးတို့နဲ့အတူ တန်းပြန်လည်ဆင်းသက်ခဲ့ရပြီဖြစ်ပါတယ်။

လာမယ့် ၂၀၁၈-၁၉ ဘောလုံးရာသီမှာတော့ အင်္ဂလန်ချန်ပီယံရှစ်မှ ၀ုလ်ဗာဟမ်တန်၊ကာဒစ်အသင်းတို့ တန်းပြန်လည်တက်ရောက်ခဲ့ပြီး လက် ကျန် တန်းတက်ခွင့်လက်မှတ်အတွက်ကိုမူ ဖူဟမ်၊အက်စတွန်ဗီလာ၊မစ်ဒယ်ဘရော့နဲ့ ဒါဘီအသင်းတို့ ပလေးအော့ဖ် ကစားကာ အနိုင်ရတဲ့ တစ် သင်းက တန်းတက်ခွင့်ရမှာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် ၀င်ခွင့်တွေကိုတော့ မန်စီးတီး၊မန်ယူ၊စပါးနဲ့ လီဗာပူးတို့က ရရှိခဲ့ကြပြီး ယူရိုပါလိဂ် ၀င်ခွင့်ကိုတော့ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့က ရရှိ ခဲ့ကြပါတယ်။

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD