AD
AD
AD

နယူးကာဆယ်အသင်းကို သုံးဂိုးပြတ်နဲ့ ရှုံးနိမ့်အပြီးမှာ အဲဒီလိုရှုံးနိမ့်မှုအတွက် သူ့ကိုယ်သာ အပြစ်တင်ဖို့ ချယ်လ်ဆီးအသင်းနည်းပြ ကွန်တီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ချယ်လ်ဆီးအသင်းအနေနဲ့ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်အထိ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့ အခွင့်အရေး ရရှိခဲ့ပေမယ်လည်း လီဗာပူးလ်အသင်းက ဘရိုက်တန်ကို အနိုင်ရရှိခဲ့သလို ချယ်လ်ဆီးကလည်း ရှုံးနိမ့်ခဲ့တာကြောင့် အဆင့်(၅)မှာပဲ ရပ်တည်နေခဲ့ရတာ ဖြစ်ပါတယ်။

play

 

ပြီးခဲ့တဲ့ ဘောလုံးရာသီက ချန်ပီယံဖြစ်ခဲ့ပေမယ့်လည်း ချယ်လ်ဆီးအသင်းဟာ ဒီရာသီမှာ ရုန်းကန်နေခဲ့ရပြီးတော့ စိန့်ဂျိမ်းပတ်ခ်မှာ ကစားခဲ့တဲ့ နောက်ဆုံးပွဲစဉ်မှာလည်း ဂိုးပြတ်အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒီရှုံးပွဲနဲ့ ပတ်သက်ပြီး ကွန်တီက အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။ " ရှုံးပွဲနဲ့ ထိုက်တန်ခဲ့ပါတယ်၊ ဘာလို့လဲဆိုရင်တော့  ကျွန်တော့်အသင်းဟာ အစပိုင်းမကောင်းခဲ့ပဲနဲ့ ဘောလုံးဆုံးရှုံးမှု များပြားခဲ့လို့ပါပဲ၊ နယးကာဆယ် အသင်းက ကျွန်တော်တို့ထက် ပိုပြီး ကောင်းခဲ့ပါတယ်" လို့ ကွန်တီက ပြောခဲ့ပါတယ်။

play

 

" ချန်ပီယံလိဂ်ဝင်ခွင့်ကို ဒီနေ့မှာ လက်လွှတ်လိုက်ရပါပြီ၊ နောက်ဆုံး (၂)ပွဲကျန်တဲ့အထိ အခွင့်အရေးရှိခဲ့ပေမယ့် အဆုံးသတ်မှာတော့ ကျွန်တော်တို့ဟာ သိပ်ပြီးကောင်းမွန်မှုမရှိတဲ့ အဆင့်တစ်ခုမှ ရပ်တည်ခဲ့ရပါတယ်၊ ဒီလို အရည်အသွေးမျိုးနဲ့ ရာသီတစ်ခု ကုန်ဆုံးခဲ့ရမှု အပေါ်မှာ မေးခွန်းထုတ်လာခဲ့မယ်ဆို ပထမဆုံး ပြန်ဖြေကြားပေးရမယ့်သူက နည်းပြပါပဲ" လို့ ကွန်တီက ထပ်မံပြောကြားခဲ့ပါတယ်။

play

 

ချယ်လ်ဆီးအသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲကို  ၂၀၁၂-၁၃ ဘောလုံးရာသီမှာ ကစားခဲ့ဖူးပြီးတော့ ထိုစဉ်က နည်းပြဘင်နီတက်ဇ်ရဲ့ လက်အောက်မှာ ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ လာမယ့်ရာသီမှာလည်း ချယ်လ်ဆီးအနေနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲကိုသာ ၀င်ရောက်ကစားရတော့မှာဖြစ်ပြီး လက်ရှိအချိန်ထိလည်း အသင်းရဲ့ နည်းပြနေရာက တည်ငြိမ်မှုမရှိသေးဘူးလို့လည်း သိရပါတယ်။

play

 

ကွန်တီရဲ့ အနာဂတ်ဟာ ချယ်လ်ဆီးမှာ ဆက်လက်ရှိနေမှာလား၊ မရှိဘူးလားဆိုတာကိုတော့ ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်နေတာလည်း ဖြစ်ပါတယ်။ မေလ (၁၉) ရက်နေ့မှာလည်း ချယ်လ်ဆီးအသင်းဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲအဖြစ် မန်ယူအသင်းနဲ့ ကစားရမှာ ဖြစ်ပြီးတော့ အဆိုပါပွဲစဉ်အပြီးမှာ ကွန်တီရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး တိကျတဲ့ အဖြေ ထွက်ပေါ်လာဖို့လည်း ရှိနေပါတယ်။

Source: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD