AD
AD
AD

ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ဟာ တော့တင်ဟမ်းအသင်းနည်းပြ ပိုချက်တီနိုကို အန်တိုနီယိုကွန်တီရဲ့ နေရာမှာ ချယ်လ်ဆီး နည်းပြအဖြစ် အစားထိုးဖို့ စိတ်ဝင်စားနေကြောင်း သိရှိပါတယ်။ ကွန်တီဟာ ချယ်လ်ဆီးမှာ အနာဂတ်မရေမရာဖြစ်နေပြီးတော့ လာမယ့်ရာသီမှာ အသင်းနည်းပြအဖြစ်ကနေ ထုတ်ပယ်ခံရဖို့ ရှိနေတယ်လို့လည်း သတင်းများထွက်ပေါ်နေပါတယ်။

play

 

ချယ်လ်ဆီးအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပြီးနောက်မှာ ကွန်တီရဲ့အနာဂတ်ဟာ ပိုမိုမှုန်ဝါးလာခဲ့ပြီလည်း ဖြစ်ပါတယ်။ အသင်းဘုတ်အဖွဲ့နဲ့ ကွန်တီတို့ကြားမှာလည်း အပြောင်းအရွှေ့ပေါ်လစီနဲ့ ပတ်သက်ပြီးတော့ အကြိတ်အခဲတွေ ရှိနေခဲ့တယ်လို့လည်း သတင်းများက ဖော်ပြခဲ့ကြပါတယ်။ ကွန်တီအနေနဲ့ ကစားသမား အပြောင်းအရွှေ့မှာ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ရမှု မရှိတာကို စိတ်ပျက်နေခဲ့တာလည်း ဖြစ်ပါတယ်။

play

 

The Sun ရဲ့ ဖော်ပြချက်အရ အေဘရာမိုဗစ်အနေနဲ့ ပိုချက်တီနိုကို အစားထိုးခန့်အပ်ပါက အသင်းအတွက် အောင်မြင်မှု ပိုမိုရရှိမယ်လို့ ယုံကြည်နေပြီး အသင်းကို ခေါ်ယူဖို့ ဆန္ဒထက်သန်နေခဲ့တယ်လို့ သိရပါတယ်။ စပါးအသင်းကို အကောင်းဆုံးကိုင်တွယ်နိုင်ခဲ့တဲ့ ပိုချက်တီနိုဟာ ပရီးမီးယားလိဂ်မှာ စပါးကို အဆင့် (၃)နေရာ ရပ်တည်စေခဲ့ပြီးတော့ လန်ဒန်ကလပ်အသင်းအားလုံးရဲ့ အထက်မှာ ရပ်တည်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်မှာ နယူးကာဆယ်ကို သုံးဂိုးပြတ်အရေးနိမ့်အပြီး ကွန်တီအပေါ်မှာ အေဘရာမိုဗစ်ရဲ့ စိတ်ရှည်သည်းခံမှုဟာ ကုန်ခမ်းသွားခဲ့ပြီလို့ သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။ အသင်းကို ရောက်ရောက်ချင်းနှစ်မှာ ပရီးမီးယားလိဂ်ဖလား ရယူပေးနိုင်ခဲ့ပေမယ့် ဒီနှစ်ဘောလုံးရာသီမှာ ပိုမိုတိုးတက်အောင် မစွမ်းဆောင်နိုင်ခဲ့တဲ့အတွက် ကွန်တီအပေါ် စိတ်ပျက်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

play

 

ပိုချက်တီနိုရဲ့ ကျစ်ကျစ်လစ်လစ် နဲ့ စုဖွဲ့မှုအားကောင်းတဲ့ အနေအထားနဲ့ အသင်းကို ကိုင်တွယ်မှုအပေါ်မှာ အေဘရာမိုဗစ်က မျက်စိကျနေခဲ့ပြီး ချယ်လ်ဆီးကိုလည်း အလားတူ တည်ဆောက်ချင်နေတယ်လို့ သိရပါတယ်။ ပိုချက်တီနိုကတော့ စပါးအသင်းမှာ ဒယ်လီအလီ၊ ဟာရီကိန်း၊ ထရစ်ပီယာ၊ ဟယ်ရီဝင့်ခ် အစရှိတဲ့ ကစားသမားတွေကို မြေတောင်မြှောက်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

Source: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD