AD
AD
AD

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ အန်ဒါဟာရဲရားကတော့ ချယ်လ်ဆီးအသင်းရဲ့ ကစားသမား အီဒင်ဟာဇက်သာလျှင် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားဖြစ်တယ်လို့ ထောက်ခံပြောကြားသွားခဲ့ပါတယ်။ စပိန်လက်ရွေးစင် ဟာရဲရားဟာ မေလ (၁၉) ရက်နေ့မှာ ရင်ဆိုင်ရမယ့် ချယ်လ်ဆီးနဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲမတိုင်ခင် ပြိုင်ဘက်အသင်းကစားသမားကို ချီးကျူးခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးဆုတွေကို သိမ်းကျုံးရယူနိုင်ခဲ့တဲ့ အီဂျစ်တိုက်စစ်မှူး ဆာလာ နဲ့ မန်စီးတီးကွင်းလယ်လူ ကီဗင်ဒီဘရိုင်း တို့ထက် ဟာဇက်က ပိုပြီးတော့ ကောင်းမွန်တဲ့ ကစားသမားလို့ ဟာရဲရားက ချီးကျူးပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဆာလာကတော့ ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီအတွင်း ဂိုးသွင်းအများဆုံးစံချိန်ကို ၃၂ဂိုးနဲ့ ရိုက်ချိုးနိုင်ခဲ့သလို ဒီဘရိုင်းကလည်း ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ဒါပေမယ့်လည်း ဟာရဲရားက သူ့ရဲ့ အကောင်းဆုံးကစားသမားဟာ ဟာဇက်လို့ ယုံကြည်နေခဲ့ပါတယ်။ " ကျွန်တော့်အတွက်တော့ ဟာဇက်သာလျှင် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားပါပဲ၊ ဒါကျွန်တော့်ရဲ့ အမြင်သက်သက်ပါ၊ ကျွန်တော် ဒီကို (အင်္ဂလန်) စရောက်ကတည်းက ပြောကြားခဲ့ဖူးတာလည်း ဖြစ်ပါတယ်" လို့ ဂရေဟမ်ဟန်တာနဲ့ အင်တာဗျူးမှာ ဟာရဲရားက ပြောကြားခဲ့ပါတယ်။

play

 

ဒါ့အပြင် ဟာရဲရားဟာ အသင်းဖော်ဂိုးသမား ဒီဂီယာကိုလည်း ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပြီးတော့ ကမ္ဘာ့အကောင်းဆုံးဂိုးသမားဖြစ်တယ်လို့ သူက သတ်မှတ်ခဲ့ပါတယ်။ ဒီဂီယာနဲ့ ပတ်သက်ပြီးတော့ ဟာရဲရားက - " ဒေးဗစ်က အကောင်းဆုံးပါပဲ၊ တခါတလေမှာ သူ စွမ်းဆောင်ပြတာတွေက ဘုရားသခင်ဆီက လာတယ်လို့တောင် ထင်ရပါတယ်၊ ဘုရားသခင်ဟာ ဂိုးသမားအဖြစ် သူ့ကို ရွေးချယ်ခဲ့ပြီး ကွင်းအတွင်းက အကောင်းဆုံး ကစားသမားအဖြစ်တော့ မက်ဆီကို ရွေးချယ်ခဲ့ပုံပါပဲ" လို့ ဟာရဲရားက ချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။

play

 

ဟာရဲရားကတော့ မော်ရင်ဟိုရဲ့လက်အောက်မှာ ပုံမှန်ပွဲကစားခွင့် သိပ်မရရှိခဲ့ပေမယ့် နည်းစနစ်ပိုင်းအရ အရေးကြီးတဲ့ပွဲစဉ်တွေမှာ မော်ရင်ဟိုရဲ့ အားကိုးရတဲ့ ကစားသမားတစ်ယောက်အဖြစ် ခြေစွမ်းပြနိုင်သူလည်း ဖြစ်ပါတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD