AD
AD
AD

လာမယ့်နှစ်ဘောလုံးရာသီအတွက် အသင်းရဲ့ ကစားသမားခေါ်ယူမှုမှာ ဖိအားတစ်ချို့ ရှိနေတဲ့ ချဲလ်ဆီးအသင်းအနေနဲ့ နွေရာသီ ဈေးကွက်မှာ ဘိုင်ယန်မြူးနစ်အသင်းမှ တိုက်စစ်မှူး လီဝန်ဒေါစကီးကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

play

 

ချဲလ်ဆီးအသင်းအနေနဲ့ အဆိုပါ ကစားသမားကို ခေါ်ယူရာမှာ မန်စီးတီးအသင်းနဲ့ အဓိက ယှဉ်ပြိုင်ရဖို့ရှိနေတာကြောင့် ယခုအခါ ကစားသမား အတွက် ပြောင်းရွှေ့စရိတ် ပေါင် သန်း ၁၀၀ အထိ သုံးစွဲသွားတော့မယ်လို့လည်း သတင်းထွက်ပေါ်လာပါတယ်။

play

 

ချဲလ်ဆီးအသင်းအနေနဲ့ လီဝန်ဒေါစကီးကို ခေါ်ယူဖို့ ကြိုးပမ်းရာမှာ အသင်းမှာ ရှိနေတဲ့ အဓိက ကစာသမား ဟာဇက်ကို ဆက်လက်ထိန်းထားနိုင် ဖို့ အကြောင်းရင်းများစွာ ရှိနေတာလည်း ဖြစ်ပါတယ်။

ဟာဇက်က ယခုနှစ်ရာသီ အက်ဖ်အေဖလား တစ်ခုတည်းသာ အောင်မြင်မှု ရရှိခဲ့တဲ့ ချဲလ်ဆီးအသင်းအနေနဲ့ ၎င်းကို အသင်းမှာ ဆက်ရှိနေစေ ချင်တယ်ဆိုရင် အတွေ့အကြုံရင့် ကစားသမားခေါ်ယူပေးဖို့ တောင်းဆိုထားတာလည်း ဖြစ်ပါတယ်။

ဒါကြောင့်လည်း ချဲလ်ဆီးအသင်းအတွက် ယခုလို အတွေ့အကြုံရင့် ကစားသမားတစ်ဦးကို အသည်းအသန် မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်နေတာ လည်း ဖြစ်ပါတယ်။

အဆိုပါ တိုက်စစ်မှူး ရောက်လာပါက အသင်းမှ မနှစ်က ပေါင် ၅၈ သန်းနဲ့ ခေါ်ယူထားတဲ့ မိုရာတာကို ပြန်လည်ရောင်းချသွားဖို့ စီစဉ်သွားမယ် လို့လည်း သိရပါတယ်။ ၎င်းကို ဂျူဗင်တပ်အသင်းက စိတ်ဝင်စားနေတာ ဖြစ်ပြီး ယခုနှစ် ကမ္ဘာ့ဖလား လူစာရင်းမှာလည်း မပါဝင်ခဲ့ပါဘူး။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD