AD
AD
AD

မန်ယူအသင်းနည်းပြ မော်ရင်ဟိုအနေနဲ့ လာမယ့်နှစ်ဘောလုံးရာသီအတွက် ကစားသမားသစ်ခေါ်ယူမှုအဖြစ် စပါးအသင်းမှ နောက်ခံလူ အန်ဒါဝီ ရယ်လ်ကို မျက်စိကျနေတယ်လို့ သိရပါတယ်။

play

 

အဆိုပါ ကစားသမားကို ခေါ်ယူဖို့ဆိုရင် အသင်းမှာ ရှိနေတဲ့ နောက်ခံလူ အဲရစ်ဘိုင်လီကို ရောင်းထုတ်သွားမှ ဖြစ်မယ်လို့လည်း သိရပါတယ်။

play

 

ဘိုင်လီမှာ မန်ယူအသင်းကို ၂၀၁၆ ခုနှစ်က ဗီလာရီးရဲ အသင်းကနေ ပေါင် ၃၀.၇ နဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပြီး ပရိသတ်ရဲ့ အားပေးခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဆိုပါ အိုဗရီကို့စ်နောက်ခံလူ အနေနဲ့ ဒဏ်ရာပြဿနာတွေကြောင့် အသင်းအတွက် ၁၃ပွဲသာ ပါဝင်ကစားထားနိုင်သူလည်း ဖြစ်ပါတယ်။

ဘိုင်လီရဲ့ ဒဏ်ရာ ပြဿနာက မော်ရင်ဟိုကို ဒေါသပိုမိုထွက်စေခဲ့ပြီး ပြီးခဲ့တဲ့လက အိမ်ကွင်းမှာ ၀က်စ်ဘရွန်းကို ၁-၀ ဂိုနဲ့ ရှုံးနိမ့်ခဲ့ရအပြီး နောက်တစ်နေ့မှာတော့ အသင်းကို လေ့ကျင့်ရေး ပြန်စစေခဲ့တဲ့အထိ ဖြစ်စေခဲ့တာလည်း ရှိခဲ့ပါတယ်။

ဘိုင်လီရဲ့ ဒဏ်ရာပြဿနာက မော်ရင်ဟိုကို ရှုပ်ထွေးစေခဲ့တာအမှန်ဖြစ်ပြီး ပြီးခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ပါဝင်ခဲ့သင့်တယ်လို့ မော်ရင် ဟိုက ယုံကြည်ခဲ့တယ်လို့လည်းသိရပါတယ်။

လက်ရှိမှာတော့ မော်ရင်ဟိုဟာ စပါးအသင်းက ရောင်းထုတ်မယ်လို့ သတင်းထွက်ပေါ်နေတဲ့ အန်ဒါဝီရယ်လ်ကို ပေါင် ၅၅ သန်း ပေးချေပြီး လာမယ့် နွေရာသီမှာ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ယင်းကဲ့သို့ ခေါ်ယူမှုအတွက် အန်ဒါဝီရယ်လ်နဲ့ နေရာတူ ကစားသမား ဘိုင်လီကို ရောင်းချဖို့ လိုအပ်နေတာလည်း ဖြစ်ကာ ဘိုင်လီအတွက် ပေါင် သန်း ၄၀ အထိ တန်ဖိုး ရှိနေပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD