AD
AD
AD

ချဲလ်ဆီးအသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ လက်ရှိ ဖူဟမ်အသင်းရဲ့ နည်းပြဆလာဗီဆာ ဂျိုကာနိုဗစ်မှာ ချဲလ်ဆီးအသင်းရဲ့ နည်းပြ သစ်ဖြစ်လာနိုင်မယ့် စာရင်းမှာ ပါဝင်လာခဲ့တယ်လို့ သိရပါတယ်။

play

 

ရာသီသစ်မှာ လက်ရှိနည်းပြ ကွန်တီနဲ့ လမ်းခွဲမယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ ချဲလ်ဆီးအသင်းအနေနဲ့ နည်းပြသစ်ကို ရှာဖွေနေတယ်လို့ လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

play

 

အသက် ၄၉ နှစ်ရှိပြီဖြစ်တဲ့ ဂျိုကာနိုဗစ်ဟာ ချဲလ်ဆီးအသင်းမှာ ၂ နှစ် ကစားခဲ့သူ ဖြစ်ပြီး ၂၀၀၀ ခုနှစ်မှာ ဒီပို့တီဗိုအသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၁.၇ သန်းနဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။

ယခုနှစ်မှာတော့ ဖူဟမ်အသင်းကို တာဝန်ယူကိုင်တွယ်နေပြီး အင်္ဂလန် ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရရှိဖို့အတွက် အက်စ တန်ဗီလာအသင်းနဲ့ ဗိုလ်လုပွဲ ကစားရဖို့ ရှိနေပါတယ်။

အသင်း တန်းတက်ခွင့်ရရှိခဲ့ပါက ၎င်းကို ဖူဟမ်အသင်းကလည်း သက်တမ်းတိုး စာချုပ် ထပ်မံ ချုပ်ဆိုသွားမယ်လို့ သိထားရပြီး ချဲလ်ဆီးအသင်း အနေနဲ့ ဘယ်လိုမျိုး ကိုင်တွယ်ဖြေရှင်းမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ဂျိုကိုနိုဗစ်အနေနဲ့ လက်ရှိ နာမည်ကြီးနည်းပြ အင်းနရစ်အတွက် ပေးရမယ့် တစ်ပတ် ပေါင် ၅၀၀၀၀၀ ၊ဆာရီအတွက် ပေးရမယ့် စာချုပ်လျော် ကြေး ပေါင် ၇ သန်း ထက် များစွာ တန်ဖိုးလျော့နည်းမှာလည်း ဖြစ်တာကြောင့် ချဲလ်ဆီးအသင်းအတွက် ပိုမို မျက်စိကျစရာကောင်းနေတာ လည်း ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းကတော့ ယခုနှစ်ရာသီမှာ အက်ဖ်အေဖလား ရယူပေးခဲ့တဲ့ နည်းပြကွန်တီကို ထုတ်ပယ်တော့မယ်လို့ သတင်းတွေထွက်ပေါ်နေ ပြီး ကွန်တီကိုယ်တိုင်ကလည်း အသင်းကနေထွက်ခွာချင်နေတာကြောင့် ချဲလ်ဆီးအသင်း တစ်ကယ်ပဲ နည်းပြ အပြောင်းအလဲ ပြုလုပ်သွား မလား ဆိုတာ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Source- Daily Star

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD