AD
AD
AD

အာဆင်နယ်အသင်းရဲ့ နည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားနေတဲ့ ပီအက်စ်ဂျီနည်းပြဟောင်း အူနိုင်းအမ်မရီဟာ အာစင်ဝင်းဂါးရဲ့ အာဆင်နယ် နည်းပြရာထူးကို ဆက်ခံဖို့အတွက် သေချာသွားခဲ့ပြီလို့ ယူဆစရာတွေ ရှိလာခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့ အမှတ်တံဆိပ်လိုဂိုကို နောက်ခံထားပြီး အာဆင်နယ်အသင်းရဲ့ အစိတ်အပိုင်းအဖြစ်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်လို့ ရေးသားထားတဲ့ ပုံကို အမ်မရီဟာ သူ့ရဲ့ အော်ဖစ်ရှယ်ဝက်ဘ်ဆိုက်မှာ တင်ထားခဲ့တယ်လို့ သိရပါတယ်။

play

 

unai-emery.com လို့ နာမည်ပေးထားတဲ့ အမ်မရီရဲ့ ၀က်ဘ်ဆိုက်မှာ တင်ထားခဲ့တာဖြစ်ပြီး ဒါဟာ သူ့အနေနဲ့ အာဆင်နယ်နည်းပြသစ်အဖြစ် သဘောတူညီမှု ရရှိခဲ့တယ်လို့ ယူဆဖွယ်ရာ ဖြစ်လာခဲ့ပါတယ်။ အမ်မရီအနေနဲ့ အဆိုပါပုံကို တင်ပြီး သိပ်မကြာခင်မှာပဲ ပြန်လည်ပယ်ဖျက် သွားခဲ့ပါတယ်။ အသင်းဘက်က တရားဝင်သတင်းထုတ်ပြန်ခြင်း မပြုခင်မှာ အမ်မရီက ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

အင်္ဂါနေ့ညနေခင်းမှာ အဆိုပါ ပုံကို တင်ခဲ့တယ်လို့ သိရှိရပြီးတော့ ည (၁၁) နာရီခန့်မှာ ပြန်လည်ပယ်ဖျက်သွားခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ် အသင်းကလည်း အမ်မရီကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ မျှော်လင့်နေပြီး အစောပိုင်းက ကစားသမားဟောင်း အာတီတာကို ခန့်အပ်ဖို့ စီစဉ်ခဲ့ပေမယ့် နောက်ဆုံးအချိန်မှာ ဆုံးဖြတ်ချက် ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။

play

 

ဒါပေမယ့်လည်း သတင်းများရဲ့ အဆိုအရ အာတီတာအနေနဲ့ အသင်းရဲ့ အပြောင်းအရွှေ့ပေါ်လစီကြောင့် အာဆင်နယ်နည်းပြအဖြစ် ပြုလုပ်ဖို့အတွက် စိတ်အားထက်သန်မှု လျော့နည်းခဲ့တယ်လို့ ဖော်ပြခဲ့ကြပါတယ်။ အာဆင်နယ်ဟာ နည်းပြသစ်အတွက် အပြောင်းအရွှေ့ စရိတ် ပေါင်သန်း (၅၀) သာ ထုတ်ပေးမယ်လို့လည်း သတင်းများက ရေးသားခဲ့ကြပြီး အမ်မရီကတော့ အဆိုပါငွေကြေးပမာဏကို လက်ခံခဲ့ဖွယ် ရှိပါတယ်။

play

 

အူနိုင်းအမ်မရီကတော့ ဆီဗီလာအသင်းကို ယူရိုပါလိဂ်ဖလား (၃) ကြိမ်ဆက်တိုက် ရယူပေးနိုင်ခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်းကို (၂) နှစ်ကြာ ကိုင်တွယ်ခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းအတွက် (၂)နှစ်တာကာလအတွင်း လီဂူးဝမ်းအမှတ်ပေးဖလား (၁) ကြိမ် အပါအ၀င် ပြည်တွင်းဖလား (၄)လုံးကို ဆွတ်ခူးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

Source : DailyMail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD