AD
AD
AD

ပီအက်စ်ဂျီအသင်းရဲ့ နည်းပြဟောင်း အူနိုင်းအမရီအနေနဲ့ အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်လာဖို့ ရေပန်းစားနေရာမှာ ယခုအခါ အသင်းရဲ့ တရားဝင် နည်းပြအဖြစ် ခန့်အပ်လိုက်ပြီလို့ သတင်းထွက်ပေါ်လို့လာခဲ့ပါပြီ။

play


အမ်မရီကို အာဆင်နယ်အသင်းက ၄ နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့တယ်လို့ သိရပြီး တစ်နှစ်လုပ်ခ ပေါင် ၆ သန်းပေးချေသွားမယ်လို့ အမ်မရီရဲ့ တရားဝ ၀င်လူမှု စာမျက်နှာမှာ ရေးသားထားတာ တွေ့ရပါတယ်။

အမ်မရီမှာ အာဆင်နယ်အသင်းရဲ့ နည်းပြသစ် ဆန်ကာတင်စာရင်းရဲ့ နောက်ဆုံးနည်းပြ ဖြစ်လာခဲ့ပေမယ့်လည်းယခုလို ခန့်အပ်ခြင်းခံခဲ့ရတာ လည်း ဖြစ်ပါတယ်။

play


၎င်းရဲ့ရှေ့မှာ ဘာစီလိုနာ နည်းပြဟောင်း အင်းနရစ်၊ဗီရဲရာ၊အာတီတာတို့ ရေပန်းစားခဲ့ပေမယ့်လည်း အမ်မရီကိုသာ အာဆင်နယ်အသင်းက ခန့် အပ်ခဲ့တာလည်း ဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ နည်းပြ အာစင်ဝင်းဂါး ၂၂ နှစ်ကြာ တာဝန်ယူကိုင်တွယ်အပြီးမှာ ပထမဆုံးနည်းပြသစ်ကို အစားထိုးခန့်အပ်ခဲ့တာ ဖြစ်ပြီး အမ်မရီမှာ ပီအက်စ်ဂျီအသင်းနဲ့အတူ ပြင်သစ်လိဂ်မှာ ဆုဖလားတွေ ရရှိထားသူလည်း ဖြစ်ပါတယ်။

play


အမ်မရီရဲ့ လက်ထောက်နည်းပြအဖြစ်မူ ဂျူအန်ကားလို့စ်က ဆောင်ရွက်သွားမယ်လို့လည်းသိရပေမယ့်လည်း မူလ လက်ထောက်နည်းပြ စတီဗင် ဘိုးလ်နဲ့ ဂိုးနည်းပြ လေမန်းတို့ကလည်း အသင်းမှာဆက်ရှိနေမယ်လို့သိရပါတယ်။

အမ်မရီမှာ အာဆင်နယ်အသင်းရဲ့ ပရိသတ်တွေကို ယနေ့ မနက်ပိုင်းကမှ " အာဆင်နယ် မိသားစုဝင် ဖြစ်လာတာ ဂုဏ်ယူမိပါတယ်။" လို့ ရေး သားဖော်ပြထားခဲ့အပြီး နာရီပိုင်းအကြာမှာပင် ယခုလို တရားဝင် ခန့်အပ်ခဲ့တာလည်း ဖြစ်ပါတယ်။

play


အမ်မရီရဲ့ အာဆင်နယ် အသင်းနည်းပြသစ်ဖြစ်လာခဲ့တဲ့သတင်းကို အာဆင်နယ်အသင်းရဲ့ တရားဝင် လူမှု စာမျက်နှာထက်မှာလည်း ဖော်ပြ လာခဲ့ပြီဖြစ်လို့ လာမယ့် ၂၀၁၈-၁၉ ဘောလုံးရာသီသစ်မှာ အာဆင်နယ်အသင်းကို နည်းပြသစ် အူနိုင်းအမ်မရီနဲ့ အတူ ယှဉ်တွဲလျက် မြင်ရတော့ မှာ ဖြစ်ပါတယ်။

Source- Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD