AD
AD
AD

အာဆင်နယ်အသင်းဟာ အသင်းရဲ့နည်းပြသစ်အဖြစ် အူနိုင်းအမ်မရီကို အတည်ပြုခန့်အပ်လိုက်ပြီဖြစ်ပါတယ်။ မူလက ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ အာတီတာကို ခန့်အပ်ဖို့ နီးစပ်ခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ အမ်မရီကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်တာလည်း ဖြစ်ပါတယ်။ အမ်မရီကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီအပြီးမှာ ပီအက်စ်ဂျီအသင်းနဲ့ လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။

play

 

အသက် (၄၆) နှစ်အရွယ် ရှိပြီဖြစ်တဲ့ အမ်မရီဟာ ဆီဗီလာ နဲ့ ဗလင်စီယာအသင်းတို့ကိုလည်း နည်းပြခဲ့ဖူးသူဖြစ်ပြီး နည်းပြဘ၀မှာ အအောင်မြင်ဆုံး အဖြစ် ဆီဗီလာအသင်းနဲ့အတူ ယူရိုပါလိဂ်ဖလားကို (၃) နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါဟာ စပိန်မြေမှာ ပြသခဲ့တဲ့ အမ်မရီရဲ့ စွမ်းဆောင်မှုတွေလည်း ဖြစ်ခဲ့ပါတယ်။ ဒ့ါအပြင် ပီအက်စ်ဂျီအသင်းနဲ့အတူ လီဂူးဝမ်း အမှတ်ပေးဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့ ပါတယ်။

play

 

အာဆင်နယ်အသင်း နည်းပြသစ်ဖြစ်လာခဲ့တဲ့ အမ်မရီကိုတော့ မန်စီးတီးနည်းပြ ဂွာဒီယိုလာက ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပြီးတော့ အင်္ဂလန်မြေကို ခြေချလာခဲ့တဲ့ စပိန်သားနည်းပြကို အခြားစပိန်သားနည်းပြတစ်ဦးက လက်ကမ်းကြိုဆိုလိုက်တာလည်း ဖြစ်ပါတယ်။ ဂွာဒီယိုလာက အမ်မရီကို အခုလိုပဲ ချီးကျူးမှုတွေ ပြောဆိုသွားခဲ့ပါတယ်။

play

 

" သူ့အကြောင်းကို သူ့ရဲ့ အလုပ်နဲ့ ပြသသွားပါလိမ့်မယ်၊ စပိန်မှာ သူအကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့သလို ပြင်သစ်မှာလည်း သူ့ရဲ့ အရည်အသွေး စစ်မှန်မှုတွေကို ပြသနိုင်ခဲ့ပါတယ်၊ အင်္ဂလန်ကို ရောက်လာတဲ့အတွက် ကြိုဆိုပါတယ်၊ နည်းပြကောင်းတစ်ဦး ရောက်ရှိလာတာပါ" လို့ ဂွာဒီယိုလာက ချီးကျူးပြောဆိုပြီး ကြိုဆိုသွားခဲ့ပါတယ်။

play

 

အာဆင်နယ်အသင်းရဲ့ နည်းပြသစ်ဖြစ်လာခဲ့တဲ့ အမ်မရီကလည်း - " အာဆင်နယ်အသင်းရဲ့ သမိုင်းသစ်ကို စတင်ပြီး ရေးထိုးရမယ့် တာဝန်ကို ယူရမယ့်အပေါ် စိတ်လှုပ်ရှားမိပါတယ်၊  အသင်းရဲ့ ကြီးမားတဲ့ ရည်ရွယ်ချက်တွေကို ရှင်းရှင်းလင်းလင်း သိခဲ့ရပြီး အနာဂတ်မှာ အောင်မြငှ်ုတွေ ရယူနိုင်ဖို့အတွက် ကြိုးစားသွားမှာပါ" လို့ ပြောကြားသွားခဲ့ပါတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD