AD
AD
AD

အာဆင်နယ်အသင်းရဲ့ နည်းပြသစ်ဖြစ်လာခဲ့တဲ့ အူနိုင်းအမ်မရီက ချန်ပီယံလိဂ်ပြိုင်ပွဲကို ပြန်လည်ဝင်ရောက်ပြီး ယှဉ်ပြိုင်နိုင်ဖို့က အာဆင်နယ်အသင်းအတွက် အရေးအကြီးဆုံး အရာတစ်ခုဖြစ်တယ်လို့ သူ့ရဲ့ နည်းပြသစ်စတင်တာဝန်ယူမှုမှာ ပြောကြားလိုက်ပါတယ်။ စပိန်သားကြီးဟာ အာစင်ဝင်းဂါးရဲ့ အရိုက်အရာကို ဆက်ခံသူအဖြစ် ဗုဒ္ဓဟူးနေ့က ကြေငြာခံခဲ့ရတာလည်း ဖြစ်ပါတယ်။

play

 

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ အာဆင်နယ်အသင်းဟာ အဆင့် (၆) နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး ယူရိုပါလိဂ်ဝင်ခွင့်နဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီအပေါ်မှာ အူနိုင်းအမ်မရီက အသင်းအတွက် အဓိကကျတဲ့ အလုပ်တစ်ခုအဖြစ် ချန်ပီယံလိဂ်ဝင်ခွင့် ယှဉ်ပြိုင်ခွင့်လို့ သတ်မှတ်ပြီး သုံးသပ်ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

play

 

" ဥရောပရဲ့ အကောင်းဆုံးအသင်းတစ်သင်းအနေနဲ့ ရည်မှန်းချက်တွေအများကြီး ရှိပါတယ်၊ အမှတ်ပေးဖလားရရှိဖို့နဲ့ ဥရောပရဲ့ ထိပ်တန်း အသင်းတစ်သင်းဖြစ်ကြောင်း သက်သေပြဖို့ လိုအပ်ပါတယ်၊ ဒီအသင်းမှာ ရှိနေတဲ့ ကစားသမားတွေ အားလုံးအပေါ် အပြည့်အ၀ယုံကြည်မှု ရှိပါတယ်၊ သူတို့နဲ့အတူတကွပူးပေါင်းပြီး ရည်မှန်းချက်အတွက် အလုပ်အတူတူလုပ်ကိုင်သွားမှာပါ" လို့ အမ်မရီက ပြောကြားခဲ့ပါတယ်။

play

 

" ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ (၂) နှစ်ဆက်တိုက် လွဲချော်ခဲ့ရပြီးနောက်မှာ အသင်းအတွက် အရေးကြီးဆုံးက ဒီပြိုင်ပွဲမှာ ပြန်လည်ကစားခွင့် ရရှိဖို့ပါ၊ အာဆင်နယ်အသင်းဟာ ကမ္ဘာပေါ်မှာရော၊ ပရီးမီးယားလိဂ်မှာပါ အကောင်းဆုံးကလပ်၊ အကောင်းဆုံးအသင်းတစ်သင်းလည်း ဖြစ်ပါတယ်၊ ဆုဖလားတွေအားလုံးက ကျွန်တော်တို့အတွက် အရေးကြီးပါတယ်၊ ကျွန်တော်တို့ ရရှိနိုင်မယ်လို့လည်း ယုံကြည်ပါတယ်" လို့ အမ်မရီက ထပ်မံပြောသွားခဲ့ပါတယ်။

play

 

ဒါ့အပြင် အမ်မရီက နည်းပြသစ်အဖြစ် တာဝန်ခန့်အပ်ခံရပြီးနောက် သူ့အတွက် ပထမဦးဆုံးလုပ်ဆောင်ရမှာကတော့ အသင်းအတွက် ဈေးကွက်အတွင်းမှာ ကစားသမားသစ် ရှာဖွေဖို့နဲ့ ကစားသမားတစ်ဦးချင်းစီနဲ့ တွေ့ဆုံပြီး ဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါသေးတယ်။

play

 

"သူတို့နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံစကားပြောသွားမှာပါ၊ သူတို့က အသင်းအတွက် အရေးကြီးတဲ့ ကစားသမားတွေလည်း ဖြစ်ပါတယ်" လို့ အမ်မရီက ပြောသွားခဲ့ပါတယ်။

Source : Skysports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD