AD
AD
AD

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြကြီး မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ နောက်ဆုံးရက်သတ္တပတ်အတွင်းမှာ အသင်းမှ ကစားသမားများကို ခေါ်ယူတွေ့ဆုံပြီး အသင်းမှ မနေချင်လိုက ထွက်ခွာသွားနိုင်တဲ့ အကြောင်းကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မော်ရင်ဟိုအနေနဲ့ အသင်းမှ ကစားသမားများရဲ့ စွမ်းဆောင်ရည်အပေါ်မှာ စိတ်ပျက်မှုများ ရှိနေတယ်လို့လည်း သိရပါတယ်။

play

 

မော်ရင်ဟိုက အသင်းကစားသမားများကို ဆင့်ခေါ်မှု ပြုလုပ်ခဲ့ပြီးနောက် မည်သူမဆို အသင်းမှ ထွက်ခွာချင်ပါက ထွက်ခွာသွားနိုင်ကြောင်း ပြောဆိုခဲ့ပြီး ဒီလိုပြုလုပ်ရခြင်းဟာ အသင်းအောင်မြင်မှုရရှိဖို့အတွက် ဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်းလည်း သိရပါတယ်။ FA ဖလား ဗိုလ်လုပွဲမှာ ချယ်လ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် အဆိုပါပွဲကို ပါဝင်ကစားခဲ့ကြတဲ့ ကစားသမားများရဲ့ စွမ်းဆောင်ရည်အပေါ်လည်း မော်ရင်ဟိုက စိတ်ပျက်နေခဲ့တာ ဖြစ်ပါတယ်။

play

 

ဒါ့အပြင် အဆိုပါပွဲစဉ်အတွက် ကြံ့ခိုင်မှုပြည့်ဝစေရန် အားစိုက်ထုတ်မှု မရှိဘူးလို့ တိုက်စစ်မှူး လူကာကူအပေါ် မော်ရင်ဟိုက ဝေဖန် ပြစ်တင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ မော်ရင်ဟိုရဲ့ ဒီလိုပြောဆိုမှုအပေါ်မှာ အသင်းကစားသမအားအချို့က မပျော်မရွှင်ဖြစ်နေပြီး မော်ရင်ဟို အပေါ်မှာ နားမလည်နိုင်အောင် ဖြစ်နေတယ်လို့လည်း သတင်းများက ရေးသားခဲ့ကြပါတယ်။

play

 

မော်ရင်ဟိုက သူ့ရဲ့ နည်းစနစ် နဲ့ ညွှန်ကြားမှုများအပေါ်မှာ လိုက်နာနိုင်မှသာ အသင်းမှာ ဆက်ရှိနေဖို့ ပြောကြားခဲ့ပြီး အကယ်၍ မလိုက်နာနိုင်ခဲ့ပါက အသင်းမှ ထွက်ခွာသွားနိုင်ကြောင်းလည်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဆုဖလားလက်မဲ့နဲ့ ရာသီကို အဆုံးသတ်ခဲ့ရပြီး နောက်မှာတော့ မန်ယူအသင်းတာဝန်ရှိသူများဟာ အပြောင်းအရွှေ့ဈေးကွက်အတွင်း ကြီးမားတဲ့ အစီအစဉ်တွေ ပြုလုပ်သွားဖွယ် ရှိကြောင်းလည်း သိရပါတယ်။

play

 

မော်ရင်ဟိုကတော့ ကစားသမားများကို မကြာခဏဆိုသလို ဝေဖန်ပြစ်တင်မှုတွေ ပြုလုပ်လေ့ရှိပြီးတော့ စမောလင်း၊ ဖီးလ်ဂျုံးစ်တို့ကိုလည်း ရည်ရွယ်ပြောဆိုခဲ့သလို အခြားနောက်ခံလူတစ်ဦးဖြစ်တဲ့ လုခ်ရှောကိုလည်း လူသိရှင်ကြားဝေဖန်မှုတွေ ပြောဆိုခဲ့ဖူးပါတယ်။ အခုအခါ နောက်ဆုံးတစ်ယောက်အဖြစ် လူကာကူကို ဝေဖန်ပြစ်တင်ခဲ့တာ ဖြစ်ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD