AD
AD
AD

အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး အူဘာမီယန်းက အသင်းရဲ့ နည်းပြသစ်ဖြစ်လာခဲ့တဲ့ အူနိုင်းအမ်မရီကို ကြိုဆိုနှုတ်ခွန်းဆက်စကားဆိုလိုက် ပါတယ်။

play

 

အသက် ၄၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အူနိုင်း အမ်မရီဟာ ပီအက်စ်ဂျီအသင်းကို တာဝန်ယူခဲ့ပြီးနောက် အာဆင်နယ်အသင်းကို လာမယ့်နှစ် ဘော လုံးရာသီမှ စတင်ကာ တာဝန်ယူ ကိုင်တွယ်တော့မှာလည်း ဖြစ်ပါတယ်။

play

 

လက်ရှိမှာတော့ နည်းပြသစ် ဖြစ်လာခဲ့တဲ့ အူနိုင်းကို အသင်းရဲ့ တိုက်စစ်မှူး အူဘာမီယန်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ဆိုလိုက် တာလည်း ဖြစ်ပါတယ်။

" သူက တစ်ကယ်တော်တဲ့ နည်းပြတစ်ဦးပါ။ပြင်သစ်မှာလည်း လွယ်ကူခဲ့မှာ မဟုတ်ပါဘူး။ဖိအားတွေ ရှိခဲ့မယ်လို့ ထင်ပါတယ်။ သူ ဆီဗီလာနဲ့ ပီ အက်စ်ဂျီမှာ အထင်ကြီးစရာတွေ စွမ်းဆောင်ခဲ့ပြီးပါပြီ။ကျွန်တော်တို့အားလုံး အတူတကွ အလုပ်ကို ကြိုးစားလုပ်ဆောင်သွားမှာပါ။" လို့ အူနိုင်းက ပြောပါတယ်။

အူဘာမီယန်းဟာ အာဆင်နယ်အသင်းထံ ယခုနှစ် ဇန်န၀ါရီ ဈေးကွက်ကမှ ရောက်လာခဲ့သူ ဖြစ်ပြီး အသင်းအတွက် ပရီးမီးယားလိဂ် ပွဲ ၁၃ ပွဲ ကစားပေးခဲ့ရာမှာ ၁၀ ဂိုးသွင်းယူထားနိုင်သူ ဖြစ်ပါတယ်။

အမ်မရီဟာ ပီအက်စ်ဂျီအသင်းနဲ့အတူ ပြီးခဲ့တဲ့ ရာသီက ပြင်သစ်အမှတ်ပေးဖလားနဲ့ ရှုံးထွက်ဖလားတို့ကို အရယူထားနိုင်ခဲ့သလို ဆီဗီလာ အသင်းနဲ့လည်း ယူရိုပါလိဂ် ဆုဖလားတွေ အကြိမ်ကြိမ်ရယူထားနိုင်ခဲ့သူ ဖြစ်ပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD