AD
AD
AD

တော့တင်ဟမ်ဟော့စပါးအသင်း နည်းပြ ပိုချက်တီနိုဟာ အသင်းနဲ့ (၅) နှစ်သက်တမ်းရှိ စာချုပ်သစ်ကို ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။ အဆိုပါ စာချုပ်သစ်ကြောင့် ပိုချက်တီနိုဟာ စပါးအသင်းမှာ ၂၀၂၃ ခုနှစ်အထိ ရှိနေတော့မှာလည်း ဖြစ်ပါတယ်။ အသက် (၄၆)နှစ်အရွယ်သာ ရှိသေးတဲ့ ပိုချက်တီနိုဟာ စပါးအသင်းကို ၂၀၁၄ ခုနှစ်မှာ စတင်ကိုင်တွယ်ခဲ့ပြီးတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီက အသင်းကို အဆင့်(၃) နေရာရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

play

 

အခြားသော နည်းပြအဖွဲ့ဝင်များဖြစ်ကြတဲ့ ဂျီးဆပ်စ်ပီရက်ဇ်၊ မီဂွယ်လ်ဒီအက်ဂိုစတီနို နဲ့ တိုနီဂျီမီနက်ဇ်တို့ဟာလည်း အသင်းနဲ့ စာချုပ်သစ်များ အသီးသီးချုပ်ဆိုင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ စပါးအသင်းဟာ လာမယ့် ၂၀၁၈-၁၉ ဘောလုံးရာသီမှာ ၀ှိုက်ဟတ်လိန်းကွင်းသစ်ကြီးကို ပြန်လည်ပြောင်းရွှေ့ ကစားတော့မှာလည်း ဖြစ်ပါတယ်။ အဆိုပါကွင်းကို ပြန်လည်တည်ဆောက်မှုများ ပြုလုပ်ခဲ့တာကြောင့် စပါးအနေနဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီတစ်ခုလုံးကို ၀င်ဘလေကွင်းမှာ ကစားခဲ့ရတာလည်း ဖြစ်ပါတယ်။

play

 

" အသင်းနဲ့အတူ နှစ်ရှည်စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်၊ ကမ္ဘာ့အဆင့်မီကွင်းသစ်ကြီးမှာလည်း အသင်းကို ဦးဆောင်ပြီးတော့ ကျွန်တော့်ရဲ့ နည်းပြသက်တမ်းအတွင်း သမိုင်းကောင်းရေးထိုးနိုင်ဖို့ ကြိုးစားသွားမှာပါ၊ ဒီအသင်းက တကယ့်ကို ခမ်းနားတဲ့ အသင်းလည်းဖြစ်ပါတယ်၊ ကွင်းတွင်းကွင်းပြင် အောင်မြင်မှု ရရှိဖို့အတွက် ကျွန်တော်တို့အားလုံး ကြိုးစားသွားမှာဖြစ်ပါတယ်၊ ကျွန်တော်တို့ရဲ့ မူဝါဒနဲ့ ကြိုးစားမှုတွေကြောင့် ရရှိခဲ့တဲ့ အောင်မြင်မှုတွေဟာ တကယ်ကို ထိုက်တန်ပါတယ်" လို့ ပိုချက်တီနိုက ပြောသွားခဲ့ပါတယ်။

play

 

ဆောက်သမ်တန်အသင်းရဲ့ နည်းပြဟောင်းဖြစ်သူ ပိုချက်တီနိုဟာ ပရီးမီးယားလိဂ်ပွဲပေါင်း ၂၀၀ ကျော်ကို ကိုင်တွယ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် စပါးအသင်းကို (၃) နှစ်ဆက်တိုက် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး သူ့ရဲ့ အရည်အချင်းကို ပြသနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပိုချက်တီနိုကို ခေါ်ယူချင်တဲ့ အသင်းကြီးအများအပြား ရှိနေတယ်လို့ သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။

play

 

ပိုချက်တီနိုဟာ သူ့လက်ထက်မှာ လူငယ်ကစားသမားအမြောက်အများကို မွေးထုတ်ပေးနိုင်ခဲ့ပြီး စင်တင်ပေးနိုင်တဲ့ နည်းပြအဖြစ် အားလုံးက ချီးကျူးခဲ့ကြပါတယ်။ ဟာရီကိန်း၊ အလီ အစရှိတဲ့ အင်္ဂလန်ကစားသမားတွေဟာ ပိုချက်တီနိုရဲ့ လက်အောက်မှာ ခြေစွမ်းကောင်းမွန်တဲ့ ကစားသမားတွေအဖြစ် ရပ်တည်နိုင်ခဲ့တာဟာ ထင်ရှားမှုတစ်ခုလည်း ဖြစ်ပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD