AD
AD
AD

အာဆင်နယ်အသင်းရဲ့ နည်းပြသစ် ဖြစ်လာခဲ့တဲ့ အူနိုင်းအမ်မရီအနေနဲ့ ပထမဆုံး ကစားပွဲအဖြစ် ယခုနှစ် နွေရာသီဈေးကွက်ပြိုင်ပွဲမှာ မန်ယူအ သင်းနဲ့ စတင်ယှဉ်ပြိုင်ရဖို့ များနေပါတယ်။

play

 

အကြောင်းကတော့ မန်ယူအသင်းကလည်းခေါ်ယူဖို့ မျက်စိကျနေတဲ့ အီတလီ ကစားသမား လော်ရန်ဇို ပယ်လီဂရီနီကို ခေါ်ယူဖို့ ကြိုးပမ်းသွားမှာ လည်း ဖြစ်ပါတယ်။

play

 

အသက် ၂၁ နှစ်အရွယ်သာရှိသေးတဲ့ အဆိုပါရိုးမားကစားသမားလေးကို မန်ယူနည်းတူ စီးရီးအေ ချန်ပီယံ ဂျူဗင်တပ်အသင်းကလည်း ပေါင် ၂၆ သန်းအထိ ပေးချေ ခေါ်ယူသွားဖွယ်ရှိနေတယ်လို့ သိထားရပါတယ်။

ရိုးမားအသင်းကလည်း ယခုလို ပရီးမီးယားလိဂ် ကလပ်အသင်းကြီးတွေ စိတ်ဝင်စားနေတဲ့ ပယ်လီဂရီနီအတွက် ပြောင်းရွှေ့ကြေးကို ထပ်မံ တိုး မြှင့်ဖို့ ရှိနေပြီး ၎င်းနေရာမှာ အစားထိုးမယ့် ကစားမားကိုလည်း ရှာဖွေထားပြီးဖြစ်တာကြောင့်ရောင်းချသွားဖို့ များနေတယ်လို့ သတင်းတွေ ထွက် ပေါ်နေပါတယ်။

ပယ်လီဂရီနီမှာ အီတလီလက်ရွေးစင်အသင်းအတွက် ၃ ပွဲ ပါဝင်ကစားထားနိုင်သူဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လက အင်္ဂလန်အသင်းနဲ့ ၁ ဂိုးစီ သရေကျ ခဲ့တဲ့ ပွဲမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

မန်ယူအသင်းက အဆိုပါ ကစားသမားကို အသင်းမှာ မရေရာ မသေချာဖြစ်နေတဲ့ပေါ့ဂ်ဘာနေရာ အစားထိုးနိုင်ဖို့ ချိတ်ဆက်နေတယ်လို့ သိရ ပြီး  အာဆင်နယ်အသင်းကလညး ခေါ်ယူချင်နေတာကြောင့် အပြိုင်ကြိုးပမ်းရဖွယ်ရှိနေတာလည်း ဖြစ်ပါတယ်။

ကစားသမားရဲ့ အေးဂျင့်ကတော့ ကစားသမားရဲ့ အနာဂတ်ဟာ အင်္ဂလန်မှာရှိနေမလားဆိုတာ စောင့်ကြည့်သွားရတာပေါ့လို့ ပြောဆိုခဲ့ပါ တယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD