AD
AD
AD

မန်ချက်စတာယူနိုက်တက်အသင်းဟာ ၀က်စ်ဟမ်းတိုက်စစ်မှူး အနော်တိုဗစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဗုဒ္ဓဟူးနေ့က သတင်းများ အဆတ်မပြတ်ထွက်ပေါ်လာခဲ့ပါတယ်။ အသက် (၂၉) နှစ်အရွယ်ရှိ ၀က်စ်ဟမ်းတိုက်စစ်မှူးအတွက် ဈေးနှုန်းကိုတော့ ပေါင်သန်း (၅၀)လို့ ၀က်စ်ဟမ်းအသင်းက သတ်မှတ်ထားကြောင်း သိရပါတယ်။

play

 

ဝက်ဟမ်းစ်အသင်းဟာ အနော်တိုဗစ်ကို စတုတ်စီးတီးမှ ခေါ်ယူခဲ့စဉ်က ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်၂၅သန်း ပေးချေခဲ့ရပြီး အနော်တိုဗစ်ဟာ အသင်းအတွက် တစ်ရာသီအတွင်း ပရီးမီးယားလိဂ်သွင်းဂိုး (၁၁) ဂိုး သွင်းယူပေးခဲ့ပါတယ်။ ၀က်စ်ဟမ်းအသင်းရဲ့ တန်းမဆင်းရဖို့ ရုန်းကန်ခဲ့ရမှုဟာ အနော်တိုဗစ်က အဓိက ကစားသမားအဖြစ်လည်း ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။

play

 

သြစတြီးယားရဲ့ တိုက်စစ်မှူးလည်းဖြစ်တဲ့ အနော်တိုဗစ်ဟာ အသင်းဖော်တွေအတွက် ဂိုးထောက်ပံ့ပေးမှု ခြောက်ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပြီး ၀က်စ်ဟမ်းနဲ့အတူ လေးနှစ်သက်တမ်းရှိ စာချုပ် ချုပ်ဆိုထားတာ ဖြစ်ပါတယ်။ မန်ယူနည်းပြ မော်ရင်ဟိုဟာ ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ သြစတြီးယားနဲ့ ရုရှတို့ရဲ့ ပွဲစဉ်ကို သွားရောက်ကြည့်ရှုခဲ့ပြီး သြစတြီးယားရဲ့ တစ်လုံးတည်းသော အနိုင်ဂိုး ရရှိဖို့ အနော်တိုဗစ်က ဖန်တီးပေးနိုင်ခဲ့ပါတယ်။

play

 

မော်ရင်ဟိုအနေနဲ့ သြစတြီးယားပွဲကို သွားရောက်ကြည့်ရှုခဲ့တာဟာ အနော်တိုဗစ်ရဲ့ ခြေစွမ်းကို လေ့လာအကဲခတ်ဖို့လို့ သတင်းများ ထွက်ပေါ်နေခဲ့ပါတယ်။ ဒါ့အပြင် အနော်တိုဗစ်နဲ့ မော်ရင်ဟိုတို့ဟာ ၂၀၀၉ ခုနှစ်တုန်းက အင်တာမီလန်အသင်းမှာ လက်တွဲခဲ့ဖူးသူများ ဖြစ်တယ်လို့လည်း သိရပါတယ်။ မော်ရင်ဟိုအနေနဲ့ တပည့်ဟောင်းကို ပြန်လည်ခေါ်ယူဖို့လားဆိုတာကတော့ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။

play

 

အနော်တိုဗစ်ဟာ အင်တာမီလန်အတွက် (၃)ပွဲသာ ကစားခွင့်ရရှိခဲ့ပြီး နယ်သာလန်ကလပ် တွမ်တီးအသင်းနဲ့ ၀ါဒါဘရီမင်တို့မှာ အငှား သွားရောက်ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ပရီးမီးယားလိဂ်ကို ရောက်ရှိလာခဲ့ပြီး စတုတ်စီးတီးအတွက် ခြေစွမ်းပြနိုင် ခဲ့ပြီးနောက် ၀က်စ်ဟမ်းအသင်းကို ထပ်မံပြောင်းရွှေ့ခဲ့ပါတယ်။

Source : Skysports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD