AD
AD
AD

အင်္ဂလန်လက်ရွေးစင်ကစားသမားတစ်ဦးဖြစ်တဲ့ လမ်းပတ်ကို အင်္ဂလန်ချန်ပီယံရှစ်ကလပ် ဒါဘီကောင်တီအသင်းက နည်းပြချုပ်အဖြစ် ခန့်အပ် လိုက်ပြီလို့ တရားဝင်ကြေညာခဲ့ပါတယ်။

play

 

လမ်းပတ်ကို ၃ နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့တယ်လို့ သိရပြီး ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေတော့မှာလည်း ဖြစ်ပါတယ်။

play

 

နည်းပြ ဖြစ်လာခဲ့တဲ့ လမ်းပတ်က -" ဒါဘီလို ရိုးရာအမွေအနှစ်နဲ့ သမိုင်းအစဉ်အလာကြီးမားတဲ့ အင်္ဂလန်ကလပ်အသင်းတစ်သင်းကို ကိုင်တွယ် ခွင့်ရဖို့ ကျွန်တော်အမြဲတမ်း မျှော်လင့်ခဲ့တာပါ။" လို့ လမ်းပတ်က ပြောခဲ့ပါတယ်။

ဒါဘီအသင်းမှာ ယခုနှစ် ချန်ပီယံရှစ်ပြိုင်ပွဲမှာ အဆင့် ၆ နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး တန်းတက်ခွင့်နဲ့ လွဲခဲ့ရတာလည်း ဖြစ်ပါတယ်။

ယခုအသင်းကို တာဝန်ယူကိုင်တွယ်မယ့် လမ်းပတ်ဟာ နည်းပြဘ၀ ပထမဆုံး တာဝန်ယူကိုင်တွယ်မှာလည်း ဖြစ်ပြီး -" ကျွန်တော့်အရည်အချင်း ကို ကျွန်တော်ယုံကြည်မှု အပြည့်ရှိပါတယ်။လွယ်ကူလိမ့်မယ်လို့တော့ မထင်ပါဘူး။ဒါပေမယ့် စိန်ခေါ်မှုတွေကို ကျော်ဖြတ်သွားမှာပါ။" လို့ လမ်း ပတ်က ပြောခဲ့ပါတယ်။

လမ်းပတ်ဟာ ကစားသမားဘ၀မှာ ချဲလ်ဆီးအသင်းနဲ့အတူ အောင်မြင်မှုတွေ ရရှိခဲ့သူတစ်ဦးဖြစ်ပြီး ချဲလ်ဆီးအသင်းရဲ့ တစ်သက်တာ သွင်းဂိုး အများဆုံး ကစားသမားလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD