AD
AD
AD

ချဲလ်ဆီးအသင်းဟာ ဂျူဗင်တပ်အသင်းမှ တိုက်စစ်မှူး ဟီဂူအင်ကို အသင်းမှ တိုက်စစ်မှူး မိုရာတာနဲ့ အလိုက်ပေး ကမ်းလှမ်းမှု တစ်ရပ် ပြုလုပ်ခဲ့ တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

play

 

စီးရီးအေ ချန်ပီယံမှာလည်း မနှစ်က ကတည်းက မိုရာတာကို ခေါ်ယူချင်နေတာ ဖြစ်ပြီး ချဲလ်ဆီးအသင်းကို အပြောင်းအရွှေ့အတွက် တံခါးဖွင့် ပေးထားတယ်လို့လည်း သိရပါတယ်။

play

 

ချဲလ်ဆီးအသင်းအနေနဲ့ကလည်း နောက်ထပ် တိုက်စစ်မှူး တစ်ဦးမရပဲ မိုရာတာကို ရောင်းထုတ်မှာ မဟုတ်သလို ဟီဂူအင်ကို အလိုရှိနေတာ ကြောင့် ကစားသမားချင်း အလဲအထပ်မှာ ဖြစ်လာနိုင်ဖွယ်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။

ဂျူဗင်တပ်ဟာ ဟီဂူအင်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၇၅.၃ သန်းနဲ့ နာပိုလီအသင်းထံမှ ခေါ်ယူထားရတာဖြစ်ပြီး အသင်းအတွက် အကောင်း ဆုံးခြေစွမ်းပြပြီး ကစားပေးထားနိုင်သူလည်း ဖြစ်ပါတယ်။ မနှစ်ကလည်း ပွဲ ၅၀ ကစားပေးပြီး ၂၃ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့သူ ဖြစ်ပါတယ်။

တစ်ပတ်လုပ်ခ ပေါင် ၁၂၅၀၀၀ အလိုရှိနေတဲ့ အသက် ၃၀ အရွယ် ဟီရူအင်ကို မိုရာတာနဲ့ အလိုက်ပေးခေါ်ယူမှုက ချဲလ်ဆီး အသင်းအတွက် တော့ အရဲစွန့်မှု တစ်ရပ်လည်း ဖြစ်လာမှာ ဖြစ်ပါတယ်။

မိုရာတာမှာ မူလက ရီးရဲအသင်းကနေ ဂျူဗင်တပ်အသင်းကို အငှားသွားကစားဖူးတဲ့ ကစားသမားတစ်ဦးဖြစ်ကာ ရီးရဲအသင်းထံ ပြန်လည်ရောက် ရှိချိန် မနှစ်ကတော့ ချဲလ်ဆီးအသင်းက အပြီးသတ်ခေါ်ယူခဲ့ရာမှာတော့ ထင်သလောက် ခြေစွမ်းပြသနိုင်ခြင်း မရှိထားသူလည်း ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ မိုရာတာနဲ့ ဟီဂူအင်ကို လဲလှယ်နိုင်မလားဆိုတာကတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD