AD
AD
AD

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရှက်တာဒိုးနတ်အသင်းရဲ့ ကွင်းလယ်လူ ဖရက်ဒ်ကို လာမယ့်အပတ်မှာ ဆေးစစ်ဆေးမှုတွေ ပြုလုပ် နိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်း Daily Mail က ဖော်ပြသွားခဲ့ပါတယ်။ အသက် (၂၅)နှစ် အရွယ် ဘရာဇီးလ်ကွင်းလယ် ကစားသမား အတွက် မန်ယူအသင်းက ပေါင်၅၂သန်းအထိ သုံးစွဲရဖွယ် ရှိတယ်လို့လည်း သိရပါတယ်။

play

 

ဖရက်ဒ်အတွက် မန်ယူဟာ ပြောင်းရွှေ့ကြေး ပေါင်၄၃သန်းသာ ကုန်ကျမှာဖြစ်ပေမယ့် အခြားသော ခံစားခွင့်များကို ထပ်ပေါင်းလိုက်ပါက ဖရက်ဒ်ရဲ့ တန်ဖိုးဟာ ပေါင်၅၂သန်းကျော်ထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဖရက်ဒ်ကို မန်ချက်စတာယူနိုက်တက်ရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးကလည်း စိတ်ဝင်စားနေတာဖြစ်ပြီး မန်ယူအသင်းက လက်ဦးမှုရယူဖို့ အပြင်းအထန်ကြိုးစားခဲ့တယ်လို့လည်း သိရပါတယ်။

play

 

လတ်တလောမှာတော့ ဖရက်ဒ်ဟာ အင်္ဂလန်ကို ဘရာဇီးလ်လက်ရွေးစင်အသင်းနဲ့ ရောက်ရှိနေတာဖြစ်ပြီး ခရိုအေးရှားနဲ့ ကစားရမယ့် ခြေစမ်းပွဲအတွက် လေ့ကျင်နေတာ ဖြစ်ပါတယ်။ မော်ရင်ဟို ကိုယ်တိုင်ကလည်း ဖရက်ဒ်ကို ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်မှာ အပြီးသတ်ခေါ်ယူ လိုနေတာ ဖြစ်တာကြောင့် လာမယ့်အပတ်အတွင်းမှာ ဆေးစစ်ဆေးမှုတွေ ပြုလုပ်ဖို မျှော်လင့်ခဲ့တာ ဖြစ်ပါတယ်။

play

 

မော်ရင်ဟိုဟာ အသင်းကို ဘရာဇီးလ်ကစားသမားတွေ ခေါ်ယူဖို့ ဆန္ဒရှိကြောင်း ဧပြီလအတွင်းက ပြောကြားခဲ့ဖူးပါတယ်။ "ဘရာဇီးလ် ကစားသမားတစ်ယောက်မှ မပါဝင်တဲ့အသင်းဟာ အသင်းတစ်သင်းမဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်၊ လာမယ့်ဘောလုံးရာသီမှာ ကျွန်တော့် အသင်းမှာ ဘရာဇီးလ်ကစားသမားတွေကို ရှိစေချင်ပါတယ်" လို့ မော်ရင်ဟိုက ပြောကြားခဲ့ဖူးတာ ဖြစ်ပါတယ်။

play

 

ဖရက်ဒ်အနေနဲ့ မန်ယူအသင်းနဲ့ ဆေးစစ်ဆေးမှု ခံယူခဲ့ပြီး ဆေးစစ်မှုအောင်မြင်ခဲ့မယ်ဆိုရင်တော့ ဒါဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နွေရာသီမှာ ပထမဆုံးခေါ်ယူတဲ့ ကစားသမားဖြစ်လာမှာ ဖြစ်ပါတယ်။ အခြားသော သတင်းများအရတော့ မန်ယူအသင်းဟာ စပါးနောက်ခံလူ အယ်ဒါဝီရယ်ကိုလည်း ချိတ်ဆက်မှုတွေ ပြုလုပ်နေပြီး ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD