AD
AD
AD

စပိန်လက်ရွေးစင် နဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသမား ဒေးဗစ်ဒီဂီယာဟာ ကမ္ဘာ့လုပ်ခလစာအများဆုံးရ ဂိုးသမားဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပွဲအပြီးမှာ ယူနိုက်တက်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိထားတဲ့ ဒီဂီယာကို အသင်းက လုပ်ခလစာ တိုးမြှင့်ပေးပြီး စာချုပ်သစ်ချုပ်ဆိုသွားမှာလည်း ဖြစ်ပါတယ်။

play

 

၂၀၁၈ ဇန်န၀ါရီလကတည်းက စာချုပ်သစ်ချုပ်ဆိုဖို့အတွက် ဒီဂီယာနဲ့ ညှိနှိုင်းနေခဲ့တဲ့ ယူနိုက်တက်အသင်းဟာ နောက်ဆုံးမှာ ကစားသမားနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ အောင်မြင်ခဲ့ပြီး စာချုပ်သစ် ချုပ်ဆိုတော့မှာ ဖြစ်ပါတယ်။ ဒီဂီယာအနေနဲ့ အိုးထရက်ဖို့ဒ်မှာ တစ်နှစ်အတွက် လုပ်ခလစာ ယူရို၂၁သန်းအထိ ရရှိမှာဖြစ်ပြီး (၅)နှစ် စာချုပ်သစ် ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။

play

 

ဒီဂီယာကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားမှုတွေ ပြသခဲ့ပြီး ယူနိုက်တက်ကတော့ သူတို့ရဲ့ အဓိကဂိုးသမားကို လက်လွှတ်မခံရဖို့ အစွမ်းကုန်ကြိုးစားခဲ့ပြီး အသင်းမှာ ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလက အခြေခံသဘောတူညီမှုတွေ ရရှိခဲ့ပြီးနောက် ဒီဂီယာကို အသင်းက ထပ်မံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ရတာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ အပြီးသတ်လက်မှတ်ရေးထိုးဖို့ အောင်မြင်ခဲ့တာ ဖြစပါတယ်။

play

 

အကျိုးအမြတ် အများအပြားရရှိမယ့် စာချုပ်သစ်ကြောင့် မန်ချက်စတာယူနိုက်တက်ဂိုးသမား ဒီဂီယာဟာ ကမ္ဘာပေါ်မှာ လုပ်ခလစာအများဆုံးရ ဂိုးသမားဖြစ်လာမှာ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်ဂိုးသမား နူအာက တစ်နှစ်လုပ်ခ ယူရို (၁၅)သန်း နဲ့ ဒီဂီယာရဲ့နောက်မှာ ရပ်တည်ရတော့မှာ ဖြစ်ပါတယ်။

play

 

၂၀၁၇ ခုနှစ်အကုန်မှာ ယူနိုက်တက်နည်းပြ မော်ရင်ဟိုက အသင်းပိုင်ရှင်တွေနဲ့ တွေ့ဆုံမှုပြုလုပ်ခဲ့တယ်လို့လည်း Marca က ဖော်ပြခဲ့ပါတယ်။ အဆိုပါတွေ့ဆုံမှုမှာ မော်ရင်ဟိုက ဥရောပအသင်းကြီးတွေနဲ့ ရင်ဘောင်တန်းနိုင်ဖို့ ငွေကြေးပိုမိုသုံးစွဲဖို့အတွက် ပြောဆိုခဲ့ပြီး ကစားသမား တွေကို စာချုပ်သစ်ချုပ်ဆိုရာမှာလည်း လုပ်ခလစာ ပိုမိုပေးချေဖို့အတွက် တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။

play

 

 လက်ရှိမှာ စပိန်အသင်းအတွက် ပါဝင်ကစားပေးနေတဲ့ ဒီဂီယာဟာ အဖွင့်ပွဲမှာ စီရော်နယ်ဒိုရဲ့ ဟက်ထရစ်သွင်းဂိုးတွေကို ခွင့်ပြုနေခဲ့ရပေမယ့် နောက်ပွဲစဉ်တွေမှာလည်း ဒီဂီယာကိုသာ တာဝန်ပေးသွားမယ်လို့ စပိန်နည်းပြဟီယာရိုက အာမခံသွားခဲ့တယ်လို့လည်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD