AD
AD
AD

အာဆင်နယ်အသင်းဟာ လေဗာကူဆင်အသင်းရဲ့ဂိုးသမား ဘာ့ဒ်လီနိုကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ပြီး လာမယ့်နေ့မှာ တရားဝင်ကြေညာဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း BBC နဲ့ Bild တို့က ရေးသားထားပါတယ်။

play

 

အပြောင်းအရွှေ့သုံးသပ်ရာမှာ ကျွမ်းကျင်သူ ဒေးဗစ်အော်စတိန်းကလည်း သူ့ရဲ့တွစ်တာမှာ "အာဆင်နယ်အသင်းဟာ လေဗာကူဆင်အသင်းရဲ့ ဂိုးသမား ဘာ့ဒ်လီနိုကို ခေါ်ယူဖို့ ပြောဆိုဆွေးနွေးခဲ့ပြီးပါပြီ"

"အပြီးသတ်တော့မဟုတ်သေးပါဘူး။ ဒါပေမယ့် ယနေ့မှာတော့ ဆုံးဖြတ်ချက်ချမှတ်သွားမှာဖြစ်ပြီး အသက် ၂၆ နှစ်အရွယ် လီနိုဟာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့မယ်လို့ မျှော်လင့်ရပါတယ်။ လက်ရှိဂိုးသမားအတွက် ဘယ်လိုနည်းလမ်းနဲ့ လုပ်မလဲဆိုတာတော့ မရှင်းလင်းသေးပါဘူး"

play

 

"တိုရဲရားကိုတော့ ကြိုးပမ်းနေဆဲပါပဲ။ အကောင်းမြင်စိတ်နဲ့ပြောရမယ်ဆိုရင် အပြီးမသတ်နိုင်လောက်ပါဘူး။ ကမ္ဘာ့ဖလားက နှောင့်နှေးစေပါလိမ့်မယ်"လို့ ပြောကြားခဲ့ပါတယ်။

play

 

အာဆင်နယ်အသင်းကို နည်းပြအာစင်ဝင်းဂါးလက်ကနေ လွှဲပြောင်းရယူခဲ့တဲ့ အူနိုင်းအမ်မရီရဲ့ပထမဆုံးဦးစားပေးခေါ်ယူချင်တာဟာ ဂိုးသမားဖြစ်ပါတယ်။ အမ်မရီဟာ ဂျာမနီမှာ တဖြည်းဖြည်းနဲ့ လူသိများကျော်ကြားလာနေတဲ့ လီနိုဆီကို အလျင်အမြန်ချဉ်းကပ်ခဲ့တာဖြစ်ပါတယ်။ လီနိုဟာ ဂျာမနီလက်ရွေးစင်အသင်းအတွက် ပွဲထွက်ကစားခွင့်ကို နျူအာကြောင့် ၆ ပွဲခန့်ဆုံးရှုံးခဲ့ရသလို တာစတီးဂန်းနဲ့ ကီဗင်ထရပ်တို့ကလည်း လီနိုရဲ့ရှေ့မှာ ပိတ်ဆို့ထားပါတယ်။

play

 

လီနိုဟာ ၂၀၁၁ ခုနှစ်က စတုဂတ်အသင်းကနေ လေဗာကူဆင်အသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး လေဗာကူဆင်အသင်းအတွက် ပွဲ ၃၀၀ ကျော်ပါဝင်ကစားပေးထားပါတယ်။ အာဆင်နယ်အသင်းရဲ့နည်းပြ အမ်မရီဟာ အာဆင်နယ်အသင်းရဲ့ကွင်းလယ်ကို အားဖြည့်ဖို့အတွက် ဥရုဂွေးလက်ရွေးစင် ဆမ်ဒိုးရီးယားလူငယ်ကွင်းလယ်ကစားသမား လူးကပ်စ်တိုရဲရားကို ပေါင် ၂၆ သန်းနဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေပြီး ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD