AD
AD
AD

ယနေ့ ညနေ မြန်မာစံတော်ချိန် ၆ နာရီခွဲအချိန်မှာ ကစားမယ့် ဘရာဇီးနဲ့ ကော်စတာရီကာအသင်းတို့ရဲ့ ပွဲစဉ်မှာ ဘရာဇီးရဲ့ အဓိက တိုက်စစ်မှူး နေမာ ပြန်လည်ပါဝင်နိုင်ဖို့ ရှိနေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

play

 

တစ်ဆက်တည်းမှာပင် ဆွစ်ဇာလန်နဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ပွဲတုန်းက ပွဲထွက်ခဲ့တဲ့ မန်စီးတီး ညာနောက်ခံလူ ဒန်နီလိုကတော့ ပေါင်ခြံဒဏ်ရာ ပြဿနာကြောင့် လွဲချော်တော့မယ်လို့သိရပါတယ်။

play

 

နေမာကတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အသင်းရဲ့ လေ့ကျင့်ရေး အစီစဉ်မှာ အပြည့်အ၀ ပြန်လည်ပူးပေါင်းနိုင်ခဲ့တာကြောင့် ဒီကနေ့ ပွဲကို ပွဲထွက်လာဖို့ များနေတာလည်း ဖြစ်ပါတယ်။

ယနေ့ပွဲကို လွဲချော်တော့မယ့် ဒန်နီလိုနေရာမှာတော့ ဖက်ဂနာကို အစားထိုး ထည့်သွင်းကစားဖို့ရှိနေတာ ဖြစ်ပြီး နေမာဟာ ဆွစ်ဇာလန်နဲ့ပွဲမှာ ကြိမ်ဖန်များစွာ ကြမ်းတမ်းစွာ ကစားခြင်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။

အဆိုပါ ဒဏ်တွေကြောင့် ၃ရက်ကြာ အနားရခဲ့တဲ့ အချိန်မှာ အသင်းနဲ့အတူ လေ့ကျင့်ခန်းကို ၁ရက်ခွဲသာ ပြုလုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ယနေ့ ကစားမယ့်ပွဲစဉ်ဟာ နှစ်သင်းစလုံးအတွက် အရေးကြီးနေပြီး ကော်စတာရီကာအသင်းကလည်း ပထမပွဲမှာ ဆားဘီးယားကို ၁-၀ ဂိုးနဲ့ ရှုံး နိမ့်ခဲ့လို့ ယနေ့ပွဲစဉ်ဟာ နှစ်သင်းစလုံး နောက်တစ်ဆင့်တက်ဖို့ အရေးကြီးနေတာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD