AD
AD
AD

ဒီကနေ့မှာတော့ မန်ယူအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးအသင်းရဲ့ တိုက်စစ်မှူးလေး ဖရက်ဒ်ကို ပြောင်းရွှေ့ကြေး ပေါင် ၅၂ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါပြီ။

play

 

အသက် ၂၅ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ဖရက်ဒ်ဟာ ဘရာဇီးအသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်လူစာရင်းမှာ ပါဝင်နေပေမယ့်လည်း ခြေကျင်းဝတ် ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ ဆွစ်ဇာလန်နဲ့ အဖွင့်ပွဲကိုတော့ လွဲချော်ထားပါတယ်။

play

 

မန်ယူအသင်းဟာ ဖရက်ဒ်ကို ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပွဲကြို ပြင်ဆင်မှုတွေကို ဘရာဇီးအသင်း အင်္ဂလန်မှာ လာရောက်ပြုလုပ်စဉ်ကတည်းက ဆေးစစ်မှုတွေ ပြုလုပ်ထားနှင့်ပြီးလည်း ဖြစ်ပြီး ယခုမှာတော့ အပြီးသတ်စာချုပ်ချုပ်ဆိုခေါ်ယူလိုက်တာလည်း ဖြစ်ပါတယ်။

ကစားသမားအတွက် မန်ယူအသင်းနဲ့ ရှက်တာအသင်းတို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့ကတည်းက သဘောတူခဲ့ကြတာလို့လည်းသိရပြီး ဒီကနေ့မှသာ မန်ယူအသင်းက တရားဝင်ထုတ်ဖော်ခဲ့တာပါ။

ရှက်တာအသင်းနဲ့အတူ ၂၀၁၃ ခုနှစ်က စာချုပ်ချုပ်ဆိုထားတဲ့ ဖရက်ဒ်ဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် ကစားခဲ့ရတဲ့ မန်စီးတီးနဲ့ ပွဲတုန်းက ခြေစွမ်းကို သဘောကျခဲ့ကြတာ ဖြစ်ပြီး မန်စီးတီးနဲ့ မန်ယူတို့ အပြိုင်ကြိုးစားခဲ့ရမှာတော့ မန်ယူက လက်ဦးမှု ရခဲ့တာလည်း ဖြစ်ပါတယ်။

ဖရက်ဒ်ဟာ မန်ယူအသင်းနဲ့ ၅ နှစ် စာချုပ်ချုပ်ဆိုခဲ့တာကြောင့် ၂၀၂၃ ခုနှစ်အထိ မန်ယူအသင်းနဲ့ အတူ ရှိနေတော့မှာလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD