ရာသီကြိုပြင်ဆင်မှုတွေ မတိုင်ခင်မှာ ခေါ်ယူနိုင်တော့မှာပါ။

မန်ချက်စတာစီးတီးအသင်းဟာ ကစားသမားနှစ်ဦးအတွက် ပြောင်းရွှေ့ကြေး ပေါင်(၁၀၈)သန်း အသုံးပြုပြီး နွေရာသီဈေးကွက်အတွင်း ကစားသမားသစ် ခေါ်ယူမှု ပြုလုပ်နိုင်တော့မယ်လို့ သိရပါတယ်။

Photo : Daily Express

 

90 min ရဲ့ ဖော်ပြချက်အရ မန်စီးတီးအသင်းဟာ လာမယ့် တနင်္လာနေ့မှာ ရာသီကြိုလေ့ကျင့်မှုတွေ စတင်ပြုလုပ်တော့မှာလည်း ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ လေ့ကျင့်မှုမစတင်ခင်မှာ မန်စီးတီးနည်းပြ ဂွာဒီယိုလာက နာပိုလီကွင်းလယ်လူ ဂျော်ဂျင်ဟို နဲ့ လက်စတာတောင်ပံ ကစားသမား မာရက်ဇ်တို့ကို အပြီးသတ်ခေါ်ယူနိုင်မယ်လို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

 

Mirror ရဲ့ ဖော်ပြချက်ကို 90 min က ကိုးကားပြီး ဖော်ပြခဲ့ရာမှာ ကစားသမား (၂)ဦးစလုံးကို တပြိုင်နက်တည်း ခေါ်ယူနိုင်ဖို့အတွက် အခြေအနေကောင်းနေပြီး ရာသီကြိုပြင်ဆင်မှုတွေမှာ အသင်းနဲ့အတူ ပူးပေါင်းနိုင်လိမ့်မယ်လို့ သိရပါတယ်။ လက်စတာ ကစားသမား မာရက်ဇ်အတွက် မန်စီးတီးအသင်းဟာ ပေါင်သန်း (၆၀)အထိ သုံးစွဲရမှာဖြစ်ပြီး အခြားသော ထပ်ဆောင်းငွေကြေးများက ပေါင်သန်း (၂၀)ခန့်အထိ ရှိတာကြောင့် မာရက်ဇ်ရဲ့ တန်ဖိုးဟာ ပေါင်သန်း (၈၀)အထိ ရှိလာမှာ ဖြစ်ပါတယ်။

Photo : 90 min

 

နာပိုလီကွင်းလယ်လူ ဂျော်ဂျင်ဟိုအတွက်တော့ နှစ်ဖက်အသင်းကြားမှာ ဆွေးနွေးမှုတွေ မကြာခဏပြုလုပ်ခဲ့ကြပြီး ပေါင်၄၇.၅သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်ဖို့အတွက် အသင်းကို ကစားသမားသစ်တွေ ဖြည့်တင်းဖို့ ဂွာဒီယိုလာက စီစဉ်နေတာဖြစ်ပြီး ကာလရှည်ပစ်မှတ် ကစားသမားတွေကို ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

Photo : 90 min

 

မာရက်ဇ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာကတည်းက မန်စီးတီးအသင်းက ခေါ်ယူဖို့ နီးစပ်ခဲ့ပေမယ့် ပြောင်းရွှေ့ကြေး ညှိနှိုင်းမရခဲ့တာကြောင့် အပြောင်းအရွှေ့ ဖြစ်မြောက်လာခြင်း မရှိပဲ ရာသီသစ်မှသာ ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ ဂျော်ဂျင်ဟို အတွက်တော့ မန်စီးတီးအသင်းဟာ မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ထက် လက်ဦးမှုရရှိအောင် ကြိုးစားခဲ့တာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က