AD
AD
AD

မနှစ်က ၀က်စ်ဟမ်းအသင်းကို အငှားနဲ့ သွားကစားခဲ့ရတဲ့ မန်စီးတီးအသင်းက ဂိုးသမားဂျိုးဟတ်အနေနဲ့ ယခုအခါ မိခင် ကလပ် မန်စီးတီးအ သင်းထံ ပြန်လာခဲ့ရပါပြီ။

play

 

ဒါပေမယ့်လည်း ၂၀၁၈-၁၉ ဘောလုံးရာသီသစ်အတွက် အသင်းရဲ့ ရာသီကြို လေ့ကျင့်ရေး အစီအစဉ်မှာ ပူးပေါင်းခွင့်မရသေးဘူးလို့လည်း သိရ ပါတယ်။

play

 

အကြောင်းကတော့ မန်စီးတီး နည်းပြ ဂွါဒီယိုလာက ဂျိုးဟတ်ကို အသင်းရဲ့ ရာသီသစ် အစီအစဉ်မှာ ထည့်သွင်းထားခြင်းမရှိခဲ့ပဲ ယခင်နှစ်များ ကတည်းက တိုရီနို၊၀က်စ်ဟမ်းအသင်းတွေထံ လှည့်လည်သွားကစားနေရသူလည်း ဖြစ်ပါတယ်။

ဒီနှစ်မှာလည်း အသင်းရဲ့ လေ့ကျင့်ရေးကို ပူးပေါင်းဖို့ ခေါ်ယူထားခြင်းမရှိသေးတာကြောင့် ဂျိုးဟတ်ကိုယ်တိုင်က ပြီးခဲ့တဲ့ တနင်္လာနေ့က လေ့ ကျင့်ရေး မဆင်းရသေးဘူးလားလို့ အသင်းထံ မေးလာခဲ့ရတာလည်း ဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ ၂၀၁၆ ယူရိုဖလားပြိုင်ပွဲအထိ အပွဲပွဲနွှဲခဲ့ဖူးသူ ထိပ်တန်း ဂိုးသမား ဂျိုးဟတ်အနေနဲ့ နည်းပြ ဂွါဒီယိုလာနဲ့ အဆင်မပြေမှုကြောင့် အသင်းနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေချိန် အခြားအသင်းတွေကလည်း မခေါ် အသင်းကလည်း ရောင်းမထုတ်နဲ့ ဘ၀ ခါးခါးကို ဖြတ်သန်းနေရတာလည်း ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ပေါ်တူဂီကလပ် စပို့တင်းနဲ့ ပြင်သစ်ကလပ်နိုက်စ်အသင်းတို့က မျက်စိကျနေတယ်လို့ သတင်းတွေက ဖော်ပြနေပြီး ဂျိုး ဟတ်ဘ၀ မန်စီးတီးလောင်းရိပ်အောက်က လွတ်မြောက်နိုင်မလား မျှော်လင့်ရင်းစောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD