အလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာမှာပါ။

အာဆင်နယ်အသင်းနဲ့အင်္ဂလန်အသင်းရဲ့ကွင်းလယ်ကစားသမား ဂျက်ဝီလ်ရှိုင်းယားဟာ လာမယ့်အပတ်မှာ ဝက်စ်ဟမ်းယူနိုက်တက်အသင်းကို အပြီးသတ်ပြောင်းရွှေ့တော့မယ်လို့ သိရပါတယ်။ The Sun ရဲ့ရေးသားချက်အရ အပြောင်းအရွှေ့ဟာ လာမယ့်အင်္ဂါနေ့မှာ အပြောင်းအရွှေ့အပြီးသတ်လိမ့်မယ်လို့ သိရပြီး ဝက်စ်ဟမ်းအသင်းနဲ့ ဆေးစစ်မှု အောင်မြင်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

Photos: Mirror

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျက်ဝီလ်ရှိုင်းယားဟာ ဝက်စ်ဟမ်းအသင်းနဲ့ ပေါင် ၁၅ သန်းတန်ဖိုးရှိတဲ့ ၃ နှစ်စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပြီး ဇွန်လကုန်မှာ အာဆင်နယ်အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးသွားခဲ့ပြီဖြစ်တာကြောင့် ဝက်စ်ဟမ်းအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့မှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ ပုံမှန်ပွဲထွက်ခွင့် ရရှိလိုနေတဲ့ ဝီလ်ရှိုင်းယားကို ကာလရှည်စာချုပ်သစ် ချုပ်ဆိုဖို့ မကြိုးစားခဲ့ဘဲ ကာလတိုစာချုပ်သာ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ ဝီလ်ရှိုင်းယားရဲ့အပြောင်းအရွှေ့ကို ပြီးခဲ့တဲ့သောကြာနေ့ကတည်းက အပြီးသတ်ချင်ခဲ့ပေမယ့် ပြဿနာအနည်းငယ်ရှိနေခဲ့တာကြောင့် ၎င်းတို့ရဲ့နွေရာသီဈေးကွက် လေးယောက်မြောက်ခေါ်ယူနိုင်ခဲ့တဲ့ ကစားသမားအဖြစ် မကြေညာနိုင်ခဲ့တာလို့ The Sun က ရေးသားထားပါတယ်။

Photos: Mirror

 

ဝီလ်ရှိုင်းယားနဲ့ ဝက်စ်ဟမ်းအသင်းတို့ကြားမှာ ရှိနေတဲ့ကိစ္စဟာ ဆေးစစ်တဲ့ကိစ္စနဲ့မပတ်သက်ဘဲ အခြားကိစ္စရပ်သာဖြစ်တာကြောင့် အပြောင်းအရွှေ့ကို အလျင်အမြန် အပြီးသတ်ဖို့ ကြိုးစားကြမှာဖြစ်ပြီး လာမယ့်အင်္ဂါနေ့မှာ ဝက်စ်ဟမ်းအသင်းကို ဝီလ်ရှိုင်းယား ရောက်ရှိပြီဖြစ်ကြောင်း ကြေညာသွားတော့မှာဖြစ်ပါတယ်။

ဝီလ်ရှိုင်းယားရဲ့မိသားစုတွေအားလုံးဟာ ဝက်စ်ဟမ်းအသင်းပရိသတ်တွေဖြစ်နေတာကလည်း ဝီလ်ရှိုင်းယားအတွက် ဝက်စ်ဟမ်းအသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက်ချရမှာ ပိုမိုလွယ်ကူစေတဲ့အချက်ဖြစ်နေပါတယ်။ ဝက်စ်ဟမ်းအသင်းအနေနဲ့ လာမယ့်ရာသီတစ်ခုလုံးကို ပြင်းထန်တဲ့ ဒူးဒဏ်ရာကြောင့် အနားယူရမယ့် လန်ဇီနီရဲ့နေရာမှာ ဝီလ်ရှိုင်းယားကို အစားထိုးနိုင်လိမ့်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က