ပေါင် ၆၇ သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာပါ။

မန်ချက်စတာစီးတီးအသင်းဟာ ပြီးခဲ့တဲ့နှစ်နွေရာသီကတည်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် လက်စတာစီးတီးအသင်းက ရောင်းချဖိုု့ ငြင်းဆန်ခဲ့တာကြောင့် လက်လျှော့ခဲ့ရတဲ့ တောင်ပံကစားသမား မာရက်ဇ်ကို ပေါင် ၆၇ သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီလို့ Mirror က ရေးသားထားပါတယ်။

Leicester-City-v-Leeds-United-Carabao-Cup-Fourth-Round.jpg

အယ်လ်ဂျီးရီးယား တောင်ပံကစားသမား မာရက်ဇ်ဟာ မန်ချက်စတာစီးတီးအသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၂ သိန်း ရရှိမှာဖြစ်ပြီး အသင်းနဲ့ ၅ နှစ်သက်တမ်းရှိတဲ့ စာချုပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ မာရက်ဇ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၆၇ သန်း ပေးချေခဲ့ရပြီး ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တုန်းက ပေါင်သန်း ၆၀ နဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်အတွက် PFA က ပေးအပ်တဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တဲ့ မာရက်ဇ်ဟာ နွေရာသီဈေးကွက်မှာ ပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာစီးတီးအသင်းရဲ့ပထမဆုံး ခေါ်ယူခဲ့တဲ့ ကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။

 

မန်ချက်စတာစီးတီးအသင်းဟာ ရာသီကြိုပွဲစဉ်တွေ ယှဉ်ပြိုင်ကစားဖို့ အမေရိကားကို မထွက်ခွာမီမှာ နာပိုလီအသင်းရဲ့ကွင်းလယ်ကစားသမား ဂျော်ဂင်ဟိုကို ပေါင် ၄၈ သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်မယ်လို့ မျှော်လင့်နေပြီး ဂျော်ဂျင်ဟိုအနေနဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ ၅ နှစ်သက်တမ်း စာချုပ်ချုပ်ဆိုခဲ့မယ်ဆိုရင် လက်ရှိရရှိနေတဲ့ လစာရဲ့ ၃ ဆအထိ ရရှိသွားမှာဖြစ်ပါတယ်။

နာပိုလီအသင်းရဲ့နည်းပြသစ်ဖြစ်လာတဲ့ အန်ဆယ်လော့တီဟာ ဂျော်ဂျင်ဟိုကို ရာသီကြိုပွဲစဉ်အတွက် လေ့ကျင့်ရေးပြုလုပ်နေတဲ့ ကစားသမားစာရင်းကနေ ချန်လှပ်ခဲ့တာကြောင့် အပြောင်းအရွှေ့အမှန်တကယ်ဖြစ်ပေါ်လာဖို့ နီးစပ်နေပြီလို့ ယူဆနိုင်ပါတယ်။

Share

Loading Next Article...
က္က