တစ်ချိန်က ဘေဆယ်မှာ အတူဆုံခဲ့ကြပေမယ့် အခုချိန်မှာ ပြန်လည်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

တစ်ချိန်က ဘေဆယ်မှာ အတူဆုံခဲ့တဲ့ ဆာလာကို လီဗာပူးမှာ ပြန်လက်တွဲခွင့်ရတဲ့အတွက် ရှာကွီရီက ပျော်ရွှင်နေတာဖြစ်ပြီး လီဗာပူးအသင်းနဲ့ အတူ အောင်မြင်မှုရရှိဖို့လည်း ယုံကြည်မှု ရှိတယ်လို့ ဆိုပါတယ်။

 

ငှက်မြန်နှစ်ကောင် တစ်ချိန်က ဘေဆယ်မှာ အတူရှိခဲ့ကြပြီး တစ်ယောက်တစ်နေရာစီ ပြန်သန်းရင်း ကွဲကွာခဲ့ကြတာ အခုချိန်မှာတော့ အင်္ဂလန် မြေက အန်ဖီးလ်မှာ ပြန်လည်ဆုံတွေ့ကြရတော့မှာပါ။

အကြောင်းကတော့ လီဗာပူးအသင်းက စတုတ်စီးတီးအသင်းက ဆွစ်ဇာလန် နိုင်ငံသား ရှာကွီရီကို ခေါ်ယူလိုက်တာကြောင့် ၎င်းအနေနဲ့ တစ်ချိန် ကဘေဆယ်မှာ အတူူကစားခဲ့တဲ့ ဆာလာနဲ့ ပြန်လည် တွဲကစားခွင့်ရတော့မှာလည်း ဖြစ်ပါတယ်။

 

ပေါင် ၁၃ သန်းနဲ့ လီဗာပူးကို ဒီကနေ့မှ ရောက်ရှိလာတာဖြစ်ပြီး အသင်းလေ့ကျင့်ရေးမှာ ဆာလာနဲ့ တွဲဖက်ကစားဖို့ အရမ်းကို စိတ်လှုပ်ရှားနေပြီ လို့လည်း ဆိုပါတယ်။

"သူဘေဆယ်ကိုစရောက်လာတော့ သူ့ကို ကျွန်တာ် မသိသေးပါဘူး။သူကျွန်တော်တို့နဲ့ ၂ကြိမ်၃ ကြိမ်လောက် လေ့ကျင့်ရေးဆင်းပြီးချိန်မှာ ကျွန် တော်ဘေဆယ်ကနေ ဘိုင်ယန်ကို ရောက်သွားပါတယ်။သူနဲ့ ခဏပဲ ဆုံဖြစ်ခဲ့တာပေါ့။ဒါကြောင့် ဒီတစ်ကြိမ် သူ့ကို ပြန်တွေ့ရတာ အရမ်းပျော်ပါ တယ်။မနှစ်က သူ အကောင်းဆုံး ကစားပြခဲ့တာ ဒီနှစ်လည်း ဆက်လက်စွမ်းဆောင်နိုင်မယ်လို့ ယုံပါတယ်။" လို့ ရှာကွီရီက ဆိုပါတယ်။

ရှာကွီရီက ချန်ပီယံလိဂ် ဆုဖလားကိုဘိုင်ယန်နဲ့ ယူခဲ့ဖူးသူ ဖြစ်ပြီး ဘေဆယ်နဲ့အတူလည်း ဆွစ်ဇာလန်ဖလား ၃ကြိမ်ရယူထားခဲ့သူပါ။

"ကျွန်တော် ဆုဖလားတွေ လိုချင်ပါသေးတယ်။ဒါက ကျွန်တော့် ရည်ရွယ်ချက်ပါ။ဆုဖလားတွေ ရရှိဖို့ ဘယ်လိုစွမ်းဆောင်ရမလဲဆိုတာကိုလည်း ဘိုင်ယန်မှာကတည်း သိနှင့်ပြီးသားပါ။လီဗာပူးမှာလည်း ကျွန်တော် ဆုဖလားတွေရမယ်လို့ ယုံကြည်မှု ရှိပါတယ်။နောက်ဆုံး ပြောချင်တာက တော့ ဆုဖလားတွေအတွက် ကျွန်တော်ဆာလောင်နေပါပြီ။" လို့ ပြောသွားခဲ့ပါတယ်။

ရှာကွီရီမှာယခု ၂၀၁၈ ကမ္ဘာ့ဖလားဝင် ဆွစ်ဇာလန်အသင်းနဲ့အတူ ပါဝင်ခဲ့ပြီး အသင်းအတွက် အရေးပါတဲ့သွင်းဂိုးတစ်ချို့ကိုလည်း သွင်းယူပေး ခဲ့သူ ဖြစ်ကာ ၁၆ သင်းအဆင့်ထိ တက်လှမ်းနိုင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က